Part _ 25

31K 1.4K 161
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 25

'တင်မောင်မောင်´
'Tin Mg Mg´
'Tin Maung Maung´

ဘယ်လိုပဲ Search barမှာရိုက်ရှာရှာ သူများaccတွေသာ တွေ့ရပြီး ဒီလူ့fb accကို ပယင်းသည်ရှာမရခဲ့....

ခင်ခင်လေးရဲ့ Fb wallထဲဝင်ကြည့်တော့လည်း ခင်ခင်လေးက ဖုန်းရှိလို့သာfbကိုဖွင့်ထားပုံ ဆေးကျောင်းသားမှန်းသိသာစေသော ကျန်းမာရေးပို့စ်အောက်မှာလည်း Nwe Hnin Siဟူသော reactတစ်ခုသာတွေ့ရလေသည်....

"သူ့ဦးလေး လုပ်သူကလည်း ကိုယ့်တူမ ရှဲထားတာတောင် လာreactမပေးဘူးလား "

ဒီလူ့accသိရဖို့ ရှာနေရတာ ခရီးကပြန်ရောက်တည်းကဖြစ်သည်....
ဟိုတစ်နေ့က  Hotpotဆိုင်မှာတွေ့တော့လည်း ကိုယ့်ကကိုယ့်အခက်အခဲနှင့်ကိုယ်မို့  ရှင် အကောင့်ကဘာလဲ အရဲစွန့်မေးဖို့ မေးခွင့်မသာခဲ့......

မနေနိုင်တော့တဲ့အဆုံး ခင်ခင်လေးအခန်းကိုသွားပြီးမေးလိုက်ဖို့သာဆုံးဖြတ်ချက် ချလိုက်တော့သည်...

"ဒေါက်....ဒေါက် "

"ဟုတ်ရှင့် "

"တီငယ် ဝင်လာမယ်နော် ကလေး "

"ဟုတ်ရှင့် "

မျက်မှန်ကိုပင့်တင်လိုက်ရင်း အခန်းထဲဝင်လာသော သူကိုကြည့်လိုက်တော့ မသိရင် ခင်ခင်နှင့်ရွယ်တူလားထင်ရအောင် ဖြူဖြူနုနု တီငယ်ကို တွေ့လိုက်ရလေသည်...
Pajamasပေါင်တို ညအိပ်ဝမ်းဆက်ကလေးနှင့်
တီငယ်ဟာ ဆယ်ကျော်သက်လေးအလား ပျိုမြစ်နုငယ်လှသည်.....

"စာကျက်နေတာလား တူမကြီး "

"ဟုတ်ရှင့် "

"ဟိုလေ တီငယ်က သိချင်တာလေးတစ်ခုရှိလို့ "

"ဟုတ်ရှင့် "

"သြော် ဘာရယ်တော့မဟုတ်ပါဘူးကလေးရယ်  တီငယ် မိတ်ဆွေတွေက အင်းစိန်ဘက်မှာနေတယ်လေ အဲဒါသူတို့ကသူတို့တူမတွေကလေးတွေအတွက် ဆရာကောင်းကောင်းလိုချင်တယ်ဘာညာပြောနေတော့ တီငယ်က တူမကြီးရဲ့ ဦးလေးကို သွားသတိရလို့ပါ....."

"ဟုတ်ရှင့်"

"အဲဒါလေ ကိုတင်မောင်မောင်နဲ့ ဆွေးနွေးစရာလေးရှိနေလို့ သူ့facebook Accလေးများသိလို့ရမလားလို့ "

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now