Chapter 225

720 124 1
                                    

Chapter 225 Villain's Father
December 27, 2023
Chapter 225

ကျိလဲ့ယွီမှာ လင်းလော့ချင်း သူ့အား ဤညပြန်ရောက်မည်ဟု ​ပြောထားသည်ကို ဆက်တိုက်တွေးကာ စားနေ၏။ တစ်လုတ်စားတိုင်းတွင် သူက ပြတင်းပေါက်ဆီသို့ ရင်းနှီးသော အရိပ်ကလေးကို မျှော်နေပေသည်။

ကျိယွီရှောင်က တံခါးကိုခေါက်ကာ သင်ပြလိုက်သည်။

"သေချာစားပါ..."

"ပါးပါးက ဒီညပြန်လာမယ် ပြောသွားတာမလား..."

ကျိလဲ့ယွီက မေးလိုက်သည်။

"ဒယ်ဒီက ဘာလို့ မျှော်မနေတာလဲ... ပါးပါးကို မလွမ်းဘူးလား..."

ကျိယွီရှောင်က ရယ်လိုက်သည်။

"အင်း... သားလောက်တော့ မလွမ်းတာ သေချာတာပေါ့... မင်းပုံစံနဲ့ဆိုရင် ထမင်းစားပြီး သုံးမိနစ်တိုင်း ပြတင်းပေါက်အပြင်ကို လှမ်းမကြည့်နိုင်တာကို မင်းမုန်းနေတဲ့ပုံပဲ.... မင်း သူ့ကို အရမ်းကြီး လွမ်းနေတာ မဟုတ်ဘူးလား..."

ကျိလဲ့ယွီက သူ့နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။

"ဒယ်ဒီက ပါးပါးကို မလွမ်းပါဘူး... သူပြန်ရောက်ရင် သားပြောလိုက်မှာ..."

"ရို..."

ကျိယွီရှောင်က ချောမော့လိုက်သည်။

"မင်းက ငါ့ကို ပြန်ပြောတတ်နေပြီပဲ... အဲ့ဒါမဟုတ်သေးဘူးနော် ကျိလဲ့ယွီ..."

ကျိလဲ့ယွီက တခစ်ခစ်ရယ်မောကာ နာနာခံခံနှင့် ဆက်စားရန် ခေါင်းငုံ့လိုက်သည်။

သူက စားရန် ပြင်နေစဉ်မှာပင် တံခါးပွင့်လာသည်ကို ကြားလိုက်သည်။ ကျိလဲ့ယွီ၏ ခေါင်းက ချက်ချင်းပင် ရွေ့လျားသွားသည်။ ၄င်းက လင်းလော့ချင်းဖြစ်ရာ သူက ထိုင်ခုံပေါ်မှ ခုန်ဆင်းပြီး ပြေးထွက်သွားလိုက်သည်။

"ပါးပါး..."

လင်းလော့ချင်းမှာ သူ့၏ ခရီးဆောင်အိတ်ကို အထဲသို့ သွင်းနေစဉ်တွင် ကျိလဲ့ယွီ၏ ခေါ်သံကို ကြားလိုက်ရာ ချက်ချင်းပင် ပြုံးသွား၏။

ကျိလဲ့ယွီက သူ့ရှေ့သို့ ပြေးလာပြီး ခေါင်းမော့ကာ ချိုသာစွာမေးလိုက်သည်။

(Book -2 )ငါက ဗီလိန်ရဲ့ ပါပါးWhere stories live. Discover now