Chapter 224 Villain's father
December 26, 2023
Chapter 224အမှန်တကယ်တွင် လင်းလော့ချင်းက အလွန်ပျော်ရွှင်ကာ စိတ်လှုပ်ရှားနေ၏။ သူက လတ်တလောတွင် ပျော်စရာကိစ္စများနှင့်သာ ကြုံနေရခြင်းကြောင့်သာဖြစ်သည်။ ကျိယွီရှောင် မတ်တပ်ရပ်သည်ကို မြင်ရခြင်း၏ ပျော်ရွှင်မှုနှင့် အံ့အားသင့်မှုက သူ့အား အကြီးအကျယ် သက်ရောက်ခဲ့သည်။ ထို့ကြောင် ယခုမြင်ကွင်းကို အံ့အားသင့်သော်လည်း ကျိယွီရှောင်
မတ်တပ်ရပ်သည်ကို မြင်ရသည်လောက် မပျော်ရွှင် မကြည်နူးမိပါပေ။ သူဖော်ပြသော ပျော်ရွှင်မှု အတိုင်းအတာမှာ လျော့နည်းသွားပြီး သာမန်ထက် ကြော့မော့နေဟန် ရလေ၏။
သို့သော် လင်းလော့ချင်းက အမှန်ပင် ကြည်နူးနေသည်။
၄င်းမှာ သူ့ပရိသတ်များက သူ့ကို နှုတ်ဆက်ရန်အတွက် လေဆိပ်တွင် စောင့်နေသည်ကို မြင်သောအခါ ပို၍ သိသာသွားသည်။
ယခင်အတိုင်းပင် လင်းလော့ချင်းက စာအချို့ကိုသာ လက်ခံကာ သူတို့၏ မေးခွန်းအချို့ကို ဖြေလိုက်ပြီး ပရိုဂရမ်မှ ပို့လိုက်သော ကားထဲသို့ ဝင်ကာ ထွက်လာလိုက်သည်။
သူက ဗန်ကားထဲသို့ ဝင်လာပြီးနောက်တွင် ပရိသတ်များကို ထပ်မံ လက်ယမ်းပြလိုက်သည်။ သူတို့က ကြင်နာစွာ ပြန်ပြောလိုက်၏။
"နှုတ်ဆက်ပါတယ် ကောကော..."
"နှုတ်ဆက်ပါတယ်..."
လင်းလော့ချင်းက ပေါ့ပေါ့ပါးပါးဆိုလိုက်သည်။
ထို့နောက် သူက အပြုံးတစ်ခုဖြင့် ကားကို မှီလိုက်သည်။ နှစ်ပေါင်းများစွာပြီးနောက် အချိန်အကြာကြီး စောင့်ခဲ့ရသည့် နေ့က နောက်ဆုံးတွင် သူ့အတွက် ရောက်လာခဲ့လေပြီ။
နောက်ဆုံးတွင် ဤအသိုင်းအဝိုင်းထဲတွင် သူ့အတွက် နေရာကောင်းနှင့် နာမည် ရှိလာပြီ ဖြစ်သည်။
လင်းလော့ချင်းက သူ့ဖုန်းကို ထုတ်ကာ ကျိယွီရှောင်အား စိတ်လှုပ်ရှားမှုဖြင့် စာပို့လိုက်သည်။
[ငါက အခု အရမ်းနာမည်ကြီးနေပြီ...]
[ဟားဟားဟားဟား... ငါ့မှာ တကယ်ကို ပရိတ်သတ်တွေ အများကြီးပဲ....]

YOU ARE READING
(Book -2 )ငါက ဗီလိန်ရဲ့ ပါပါး
RomanceBook 1 ရှိပါတယ်နော် ဝင်ရှာကြည့်ပါရှင် (PAID COMPLETED 💥) Start - Chapter 196 Unicode Only Update - တစ်ပတ် ၃ပိုင်း Paid Gp - Completed ✅️