Special Extra -2

12.8K 635 59
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
         🌾Special Extra For Donate -2🌾

စိုးလင်းမောင်တို့ မင်္ဂလာဦးအခန်းထဲတွင်တော့ ကျောပေးလျှက် ရှက်နေသည့် စိမ်းကိုကြည့်ပြီး သူ့မှာ မရိုးမယွ။ပါးစပ်ကနေသာ အာချောင်ရဲတာ လက်တွေ့‌တွင်တော့ ဘယ်ကဘယ်လိုအစပျိုးရမှန်းမသိဘဲ လက်ဖျားတွေအေးစက်နေသည်မှာ စိုးလင်းမောင်သာ အသိဆုံး။

ဒီတိုင်း တစ်ညလုံး ထိုင်နေလို့လဲမရသဖြင့် စိုးလင်းမောင် ကိုယ့်ကိုကိုယ်အားတင်းလိုက်ကာ အနားကိုကပ်ပြီး ပခုံးကိုအသာဖက်လိုက်တော့ တစ်ချက်တုန်သွားသည့်ကိုယ်လေးက လန့်သွားသည့်ဟန်။

စိုးလင်းမောင် သတ္တိမွေးလိုက်ကာ ပါးလေးကို နမ်း နှုတ်ခမ်းလေးကို နမ်းရင်း ကျယ်သီးလေးကိုဖြုတ်လိုက်တော့ အေးစက်နေသည့် သူ့လက်က ရင်ဘတ်ကိုထိသွားပြီး..

“အမလေး အေးလိုက်တာ..ဘာလို့ လက်က အဲ့လောက်ထိ အေးနေရတာတုန်းတော့..”
စိမ်း လက်အေးကြီးကြောင့် တကယ်လန့်သွားရကာ ရင်ခုန်‌ရာကနေ ရင်တုန်သွားရသည်။

“အဲ...မောင် မောင် ကြောက်လို့...”

“ဟော်တော် ကျုပ်ကြောက်ဖို့လဲ ချန်ပါဦး ကိုစိုးလင်းမောင်ရယ်...”

မျက်စောင်းလေးတစ်ချက်ပင့်ကာပြောလာသည့်အသံအဆုံး ...
“စိမ်းကလဲကွာ...မောင်က မောင့်ရဲ့ ပထမဆုံး မင်္ဂလာဦးညလေးက မောင်သိပ်ချစ်ရတဲ့ မောင့်ရဲ့စိမ်းလေးနဲ့မို့ ရင်တွေအရမ်း ပိုးစိုးပက်စက်ခုန်ပြီး နည်းနည်း ကြောက် ကြောက်နေတာ..”

“ဒါဆိုလဲ ကျုပ်တို့ဒီတိုင်းအိပ်ကြမယ်လေ. “

“အဲ အဲ့လိုတော့ မရဘူးလေ...”

“ရှင်ပဲကြောက်တယ်ဆို စိမ်းလဲ ကြောက်တယ်လေ..”

“မကြောက်တော့ဘူး ဟဲဟဲ မောင်မကြောက်တော့ဘူး စိမ်းလဲ မကြောက်နဲ့တော့ သိလား ..”

စိုးလင်းမောင်ပြောရင်း ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲယူကာ အိပ်ယာပေါ်လှဲချလိုက်တော့သည်။စိတ်လှုပ်ရှားပြီး ကြောက်တာကကြောက်တာပဲ မင်္ဂလာကတော့ မဦးလို့မဖြစ်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now