For Earthquake 🫶🏻🤎

6K 222 10
                                    

Unicode

ငလျင်ဘေးအတွက်ရှင်းတမ်း

ဒီတစ်ခေါက် ကိုယ်တိုင်ကိုယ်ကျ စစ်ကိုင်းမြို့ကိုသွားလှူမယ့် ချိန်းချိန်းတို့ ညီအစ်မ‌တတွေအဖွဲ့မှာ
စုစုပေါင်းရငွေက 24သိန်း3သောင်းရခဲ့ပါတယ်..

အဲ့ဒီထဲမှာ ချိန်းချိန်းရဲ့စာဖတ်သူလေးတွေရဲ့ ရငွေ စုစုပေါင်းက 15သိန်းဖြစ်ပြီး
ကျန်တဲ့ 9သိန်း 4သောင်းက ရပ်ကွက်ထဲက သူငယ်ချင်းတွေနဲ့ မြို့မဈေးထဲက ဈေးသည်တွေဆီမှဖြစ်ပါတယ်ဗျ

ဒီလောက်ပမာဏထိရလိမ့်မယ်လို့ ထင်မထားခဲ့တာမို့
အရမ်းဝမ်းသာမိပါတယ်
ချိန်းချိန်းကို ယုံကြည်ပြီး လှူပေးကြတဲ့သူတွေကိုလည်း ကျေးဇူးအများကြီးတင်ရပါတယ်ဗျာ

ပုံတွေက ဒီမှာတင်လို့မရတာ ကိုယ့်ဖုန်းerrorကြောင့်မို့ပါ
တယ်လီဂရမ်က story မှာတင်ပေးမှာမို့ ဆက်ဆက်ဝင်ကြည့်ပေးကြဦးနော်ဗျ

လူအယောက်300စာအတွက် တစ်ထုပ်မှာဆိုရင်
ပေါင်မုန့်ခြောက်-6၊ပေါင်မုန့်အစို-1၊ငှက်ပျောကိတ်-1၊လေဖောင်းကိတ်-2၊မရွေး-1၊နို့ဆီ-1၊ဆေး၊ဓာတ်ဆား-1၊ယံယံ-1၊ရေဘူး-1၊ကြက်ဥ-2ပါဝင်ပါတယ်ဗျ

အဲ့ထဲကိုမှ အထည်ဆိုင်ကလှူတဲ့ အင်္ကျီ 73ထည်၊ပုဆိုး-20,ထဘီ -7,တဘက်-5ထည်ပါသေးပါတယ်ဗျ

အမျိုးသမီးတွေအတွက် padနဲ့အတွင်းခံက အယောက်(50)စာ ပါပါတယ်ဗျ
Edit-နောက်ထပ်၁၀ယောက်စာ ထပ်တိုးပါတယ်ဗျာ

ပိုက်ဆံကတော့ အယောက်၃၀၀မှာ တစ်ထုပ်ကို ၁၀၀၀နှုန်းထည့်နိုင်ခဲ့ပါတယ်ဗျ

အတိအကျရှင်းတမ်းကိုကြည့်ချင်တယ်ဆိုရင်အချိန်မရွေး ချိန်းချိန်း Teleကိုလာဖို့ ဖိတ်ခေါ်ပါ‌တယ်ဗျ

မနက်ဖြန် မနက်စောစော စစ်ကိုင်းကိုသွားကြမှာမို့
အားလုံးကုသိုလ်ရဝမ်းသာရအောင်မို့ပါဗျ
အားလုံးကို ချိန်းချိန်းက ကျေးဇူးအများကြီးတင်ပါတယ်နော်‌ဗျ

အကူအညီသွားတောင်းတဲ့ ချိန်းချိန်းကို ယုံကြည်စွာ ခွဲဝေကူညီပေးလို့ Author Gem ကိုလည်း အထူးပင်ကျေးဇူးတင်ရပါတယ်ဗျ

အားလုံးပဲ ဘေးရန်ကင်းကွာ ကျန်းမာကြပါစေဗျာ
အစစအရာရာဂရုစိုက်ကြပါနော်

CHANGE 🍁

Zawgyi


စုစုပေါင်းရငွေက 24သိန်3းသောင်းရခဲ့ပါတယ်..


အရမ်းဝမ်းသာမိပါတယ်










CHANGE 🍁

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now