" ရှင်ထွက်သွား!! "
မဲ့(အမေ)၏ ဒေါသထွက်သံစွန်းနေသောအသံသည် တစ်အိမ်လုံးကို ဟိန်းထွက်နေလေသည်၊၊ပေါ(အဖေ)၏အထပ်ထပ်အခါခါ တောင်းဆိုမှုတို့ကို မဲ့(အမေ)က နားမထောင်တော့ပါ။
" အစော !! "
"ရှင်ကို ကျွန်မ ထွက်သွားလို့ပြောနေတယ်နော် ကိုစိုင်းစဝ်ခံ့ထည်!!။ ရှင်အဲ့မိန်းမဆီမှာဘဲ သွားနေ!!။ ကျွန်မတို့သားအမိဆီပြန်မလာနဲ့ !!။ "
မဲ့(အမေ)၏ထိုသို့သောစကားသည် ရင်ထဲတွင်ဘယ်လောက် ဝမ်းနည်းနေသလဲဆိုတာ အသိသာပင်။အရင်က မိသားစုလေးကိုပြန်သတိရမိလေသည်၊၊စိုင်းမင်းထက် ၊ ဒေါ်စောမွေနန်း နှင့် ဦးစိုင်းစဝ်ခံ့ထည် ဟူ၍မိသားစုရှိ လူသုံးယောက်ရှိလေသည်၊၊ယခုတွင်တော့ထိုမိသားစုလေးကို ပြတ်စီးဖို့ လူတစ်ယောက်ဝင်လာပြီလေ၊၊ပေါ(အဖေ)က မဲ့(အမေ)အပေါ် အချစ်လျော့လေသလား။ပေါ(အဖေ)က မိသားစုအပေါ် အချစ်လျော့နည်းသွားလေသလား။အိမ်အဝင်အထွက် တံခါးအပေါက်နားကနေ နားထောင်နေသော စိုင်းမင်းထက်မှာ လက်သီးကိုကျစ်နေအောင် ဆုပ်ထား၍ဒေါသမီးများတောက်လောက်နေလေသည်၊၊အရင်နှင့်မတူသည်က ယခုပေါ(အဖေ)က မဲ့(အမေ)အပေါ် စိတ်ထိခိုက်အောင်အမြဲလုပ်လေသည်၊၊ပေါ(အဖေ)က မဲ့(အမေ)ကိုမရမက ပြောဆိုပြီလျှင် ကွာရှင်းဖို့ကိုပင် တောင်းဆိုတတ်သေးသည်၊၊
ယခင်က စိုင်းမင်းထက်တို့ အိမ်ကလေးသည် မနက်မိုးလင်းသည်မှ မိုးချုပ်ချိန်ထိပျော်ရွှင်စရာများဖြင့် ပြည့်နေတတ်သည့် အိမ်ပင်၊၊ထိုအမျိုးသမီး၊၊ထိုအမျိုးသမီး ဒေါ်ကေသွယ်နိုင် သည် ပေါ(အဖေ)ကို မည်သို့နည်းဖြင့် ဖြာယောင်းထားမှန်းမသိပါ၊၊နေ့တိုင်း အိမ်ပြန်စောသည် ပေါ(အဖေ)က ထိုအမျိုးသမီး ရှိနေသည် ဆိုထဲက အိမ်ကို ပြန်ချင်သည့်အချိန်မှပြန်လာသလို တစ်ခါတစ်လေ အိမ်ကိုပင်မရောက်သည်ထိ၊၊ပေါ(အဖေ)ကိုအရမ်း စိတ်နာသည်၊၊မဲ့(အမေ)ကို စိတ်ထိခိုက်အောင် ၊ စိတ်ဒုက္ခရောက်အောင် ၊ ငိုရအောင် အမြဲတမ်းလုပ်သည့် ပေါ(အဖေ)ကို စိုင်းမင်းထက် စိတ်နာမိသည်၊၊ထိုအမျိုးသမီးက အေးချမ်းနေတဲ့ မိသားစုလေးကို ဖြတ်စီးနေသလိုပင်။
YOU ARE READING
From Love To Hate...🎭
Non-Fiction# Khai Oo Hmoing #Sai Saw Khun Naung #From Love To Hate...🎭 Or အချစ်မှအမုန်းသို့...🎭 #TarRee M #Start date~{ Thu,3,Apr } #End date~{ ...... } *📚🕊️ဤဝတ္ထုသည် စိတ်ကူးယဉ်သက်သက်သာဖြစ...
