Chapter 221

779 124 2
                                    

Chapter 221 Villain's father
December 26, 2023
Chapter 221

ကျိယွီရှောင် ထံမှ စကားပြန်မရသဖြင့် လင်းလော့ချင်း ဇဝေဇဝါဖြစ်သွားသည်။ “မင်း ဆက်မလုပ်ဘူးလား … ”

ကျိယွီရှောင် “……”

ကျိယွီရှောင် ချောင်းဟန့်လိုက်သည်။ “အရင်အိပ်ကြရအောင် … ”

လင်းလော့ချင်း “ … ”

လင်းလော့ချင်း ပို၍ပင် ဇဝေဇဝါ ဖြစ်သွားသည်။ “ဘာဖြစ်လို့လဲ … မလုပ်ချင်ဘူးလား … ”

ကျိယွီရှောင်က မလုပ်ချင်ဘူးတဲ့လား … သူ့ကို နောက်နေတာလား …

သူ အသားစတင် စားပြီးကတည်းက သူက အသားစား သတ္တဝါအဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။ သူ ဒီနေ့ အရမ်းဖြူစင်နေတာလား …

ဒါကြီးက လက်တွေ့မကျဘူးနော် …

သူ့ရဲ့ ပြန်လည်ထူထောင်ရေး ကြောင့်များလား …

ဒီလို မဖြစ်သင့်ဘူးလေ …

လင်းလော့ချင်း နားမလည်ဟန်ဖြင့် မေးလိုက်၏။ “ဆရာဝန်က ပြန်လည်ထူထောင်ရေး လုပ်နေတုန်း ဒါကို မလုပ်ရဘူးလို့ ပြောထားလို့လား … ”

ကျိယွီရှောင် “……”

ကျိယွီရှောင် သူ၏ အပြစ်ကင်းစင်သော မျက်ဝန်းများကို ကြည့်ရင်း ထိုအခွင့်အရေးကို ယူကာ ခေါင်းညိတ်သင့် မညိတ်သင့် စဉ်းစားလိုက်သည်။

လင်းလော့ချင်းက တစ်ကိုယ်တည်း ရေရွတ်လိုက်၏။ “မဟုတ်သေးပါဘူး … ဒီလိုမျိုးက ဘယ်မှာ ရှိလို့လဲ … ဆရာဝန်က အကြောင်းရင်းကို ရှင်းပြလား … ”

ကျိယွီရှောင် တွေးလိုက်သည်။ ‘အာ … ဒါက …’

လင်းလော့ချင်း အတန်ကြာ စဉ်းစားပြီးနောက် တစ်ဖက်လူ၏ ထူးဆန်းနေမှုကို ခံစားမိလိုက်၏၊

သူက သူ့ကို ဘာမှမပြောပဲ ငေးကြည့်နေသည့် ကျိယွီရှောင်ကို ကြည့်လိုက်သည်။ ထို့နောက် စိတ်ထဲတွင် ပေါ်လာသည့်အတိုင်း မေးလိုက်၏။ “မင်း ငါ့ကို တစ်ခုခုဖုန်းကွယ်ထားတယ် မဟုတ်လား … ”

ကျိယွီရှောင် အပြစ်ရှိစိတ်အား ခံစားလိုက်ရသည်။ “ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ … မင်းရဲ့အမျိုးသားက ဒီလိုလူစားမှမဟုတ်တာ … ”

(Book -2 )ငါက ဗီလိန်ရဲ့ ပါပါးWhere stories live. Discover now