Chapter 217 Villain's Father
December 25, 2023
Chapter 217သူက ကျိလဲ့ယွီအတွက် သူ့အချစ်ကို ဖော်ပြပြီးနောက် ကလေးကို ချကာ လင်းဖေးကို တွေ့ရန် လျှောက်လာလိုက်၏။
လင်းဖေးမှာ စာအုပ်ထဲတွင် ခေါင်းစိုက်နေပြီး ဖြစ်သည်။ သူက လင်းလော့ချင်း သူ့လက်ဆောင်ကို ကြိုက်ကြိုက် မကြိုက်ကြိုက် ဘာကိုမှ ဂရုစိုက်သည့်ဟန် မရပါပေ။
--လင်းလော့ချင်းက လင်းဖေးကို ဒီလောက်တောင် ကောင်းကောင်း မသိဘူးဆိုတော့....
သူက လင်းဖေးကိုကြည့်လိုက်ရာ လတ်ဆတ်သော နွေဦးလေပြည်တစ်ခု ဖြတ်သန်း တိုက်ခတ်သွားသည်ဟု ခံစားလိုက်ရသည်။ သူ့နှလုံးသားထဲတွင် သစ်ရွက်ကြွေများက တရှဲရှဲမြည်နေပြီး အရောင်စုံကာ လှပနေပြီး သူ့ကို ပြောစရာ စကားပင် မရှိအောင် လုပ်နေ၏။
သူက လင်းဖေးဆီသို့ လျှောက်သွားပြီး ခေါင်းကို ပွတ်ပေးလိုက်ကာ အိပ်ရာပေါ်တွင် ထိုင်ချလိုက်သည်။
"ဖေးဖေးရဲ့ ကဒ်ကလည်း သေသေချာချာကို လုပ်ထားတာပဲ... ပါပါး အရမ်းကြိုက်တယ်နော်..."
လင်းလော့ချင်းက ညင်သာစွာ ဆိုလိုက်သည်။
လင်ဖေးက အရေးမစိုက်စွာ ပြန်ဖြေလိုက်သည်။
"အိုး..."
"ကျားလေးကလည်း သေချာကိုဆွဲထားတာပဲ... အရမ်းချစ်စရာကောင်းတယ်... ဖေးဖေးအတိုင်းပဲ..."
သူ့ကိုယ်သူ "ချစ်စရာကောင်းသည်"ဟူသော စကားလုံးနှင့် မည်သည့်အခါမှ မဆက်စပ်မိသော လင်းဖေး - ..........
လင်းဖေးက လင်းလော့ချင်းကို မော့ကြည့်လိုက်သော်လည်း သူ့မျက်လုံးများထဲတွင် အထင်သေးမှုများ မပေါ်ပေါက်လာခင်မှာပင် လင်းလော့ချင်း၏ အကြည့်များထဲမှ နူးညံ့မှုနှင့် ပျော်ရွှင်မှုတို့၏ တွန်းအားပေးခြင်းကို ခံလိုက်ရသည်။
သူက ဤကဲ့သို့ လင်းလော့ချင်းမှာ လမ်းပျောက်စေသည်ဟု ခံစားရပြီး ခေါင်းငုံ့ကာ ထပ်၍ စာဖတ်ဟန်သာ ဆောင်နိုင်ပေတော့သည်။
"ဒီည အတူတူ ထပ်ပြီး အိပ်ရအောင်... ဟုတ်ပြီလား..."
လင်းလော့ချင်းက သူ့ရှေ့မှ ကလေးကို ကြည့်ကာ နွေးထွေး နူးညံ့မှုအပြည့်ပါသော အသံဖြင့် ဆိုလိုက်၏။

YOU ARE READING
(Book -2 )ငါက ဗီလိန်ရဲ့ ပါပါး
RomanceBook 1 ရှိပါတယ်နော် ဝင်ရှာကြည့်ပါရှင် (PAID COMPLETED 💥) Start - Chapter 196 Unicode Only Update - တစ်ပတ် ၃ပိုင်း Paid Gp - Completed ✅️