Chapter 216

783 129 3
                                    

Chapter 216 Villain's Father
December 25, 2023

Chapter 216

သူ့၏ မျှော်လင့်မှုကို မထိန်းသိမ်းနိုင်ပဲ ပိုကြီးသည့် ဒုလုံရှည် လက်ဆောင်ကို အရင်ဆုံး ဖွင့်လိုက်လေသည်။ သေတ္တာမှာ လက်ဖြင့် ပြုလုပ်ထား​သည်မှာ ရှင်းလင်းပေသည်။ လင်းလော့ချင်းက စိတ်ရှုပ်ထွေးသွား၏။

ကုန်သည်က ကလေးကို သေတ္တာတစ်ခုပေးပြီး သူဝယ်တဲ့လက်ဆောင်အတွက် ထည့်ပေးလိုက်တာများလား...

သူ့ကလေးက အပြင်က ဝယ်သမျှက အိတ်နဲ့လာတယ်ဆိုတာကို သိဖို့ ရိုးရှင်းပြီး နုံအလွန်းလွန်းတာလား...

သို့သော် သူက သေတ္တာကိုဖွင့်ကာ ပန်းချီကို ထုတ်လိုက်ရာ ချက်ချင်းပင် နားလည်သွားတော့၏။

အနီရောင် ဖဲကြိုးမှာ လှပသော ဖဲပြားလေးအဖြစ် ချည်ထားလေသည်။ လင်းလော့ချင်းက ပန်းချီကို ဖြည်းညှင်းစွာ ထုတ်ကြည့်လိုက်သည်။ သူတွေ့လိုက်ရသည်မှာ အလွန် မရင့်ကျက်သေးသည့် ကလေးတစ်ယောက်၏ ပန်းချီပင်။

ဤပန်းချီကို ပြုလုပ်ထားသူက အလွန်ငယ်ရွယ်သည်မှာ ရှင်းလင်းနေသည်။ စုတ်ချက်များက အလွန်နက်ရှိုင်းလွန်း၍ စုတ်ချက်ဟုပင် ယူဆရခက်ပေသည်။

ပုံထဲမှ လူများက သပ်ရပ်စွာ အတန်းလိုက်ရပ်နေကြသည်။ အရပ်ဖြင့် စဉ်ထားသော လူကြီး နှစ်ယောက်နှင့် လူငယ် နှစ်ယောက် ရှိပေသည်။ သူတို့ အားလုံးမှာ ပျော်ရွှင်စွာ ပြုံးရယ်နေပြီး ဘယ်ဘက်အစွန်ဆုံးရှိ လူတစ်ဦးတည်းကသာ ဘီးတပ်ကုလားထိုင်ဟု ထင်ရသည့်အရာတွင် ထိုင်နေ၏။ သူက လက်ထဲတွင် ကိတ်မုန့်တစ်ခု ကိုင်ထားဟန်ရလေသည်။

ညာဘက်အောက်ထောင့်တွင် [ပါးပါး မွေးနေ့မှာ ပျော်ရွှင်ပါစေ... - ရှောင်ယွီ]ဟူသော စကားလုံးများကို ရှင်းရှင်းလင်းလင်း လေးလေးနက်နက် ရေးထားသည်။

လင်းလော့ချင်းက သူ့မျက်နှာထက်မှ အပြုံးကို မထိန်းချုပ်နိုင်ပဲ ပန်းချီထဲမှ လူများကို ထပ်ကာကြည့်လိုက်သည်။

ကျိလဲ့ယွီ ဆွဲထားသော ကိတ်မုန့်က သူ့အား အလွန်ပျော်ရွှင်စေ၏။ အဘယ့်ကြောင့်ဆိုသော် ၄င်းက ကျိလဲ့ယွီမှာ များစွာကြိုးစားထားသည်ကို ပြောနိုင်၍ ဖြစ်ပေမည်။ ၄င်းမှာ အညိုအဓိကဖြစ်ကာ ကျိလဲ့ယွီက အနီနှင့်အဝါကို ထပ်ထည့်ထား၏။ အရောင်စုံ ဖယောင်းတိုင်များပါ ထည့်ထားသော်လည်း အရောင်များက အလွန်ရောယှက်နေသည်။ ၄င်းက ကိတ်မုန့်တစ်လုံဟုဆိုခြင်းထက် အရောင်စုံသော အမည်မသိပစ္စည်း တစ်ခုနှင့် ပိုတူပေသည်။

(Book -2 )ငါက ဗီလိန်ရဲ့ ပါပါးWhere stories live. Discover now