Ko Nyan's POV 2

7.9K 485 146
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
            🌾ကိုဉာဏ်လင်းထည်(POV-2)🌾

ထိုနောက်ပိုင်း ရွာထဲ သွားတိုင်း တွေ့တတ်သလို ဗီဒီယိုကြည့်တိုင်းလဲ တွေ့ရသော ကောင်လေးက ဗီဒီယိုကြည့်ရတာ အရမ်းကြိုက်တာမို့ နောက်ကျရင်တော့ တီဗွီတစ်လုံးရယ် မီးစက်ကောင်းတာရယ် ဝယ်ဖို့ တွေးထားလိုက်သည်။

ချေးငွေကိစ္စကြောင့် အတော်လေးပြေလည်သွားသော  ရွာသားများက အလှူပေးတော့ ဉာဏ်လင်းထည်တို့လို ကာလာသားခေါင်းဆောင်ကြီးတွေက မပါမဖြစ်။အလှူပွဲတစ်လျှောက်လုံး ဟင်းဖြည့်လိုက် ထမင်းဖြည့်လိုက်ဖြင့် လက်မလည်ဖြစ်နေ‌တဲ့ ကောင်လေးက မမောနိုင်မပန်းနိုင် အပြုံးလေးဖြင့် ကူပေးနေတော့ ဉာဏ်လင်းထည်ဆို ထိုအပြုံးလေးကြည့်ပြီး ထမင်းမစားဘဲ ဗိုက်ပြည့်သွားရသည်။

ဒေါ်မေမောင်သားနှင့် တစ်ချက်တစ်ချက် စကားလှမ်းပြောလိုက် သူ့ဆီမသိမသာလှမ်းကြည့်လိုက်ရှိနေသော ကောင်လေးက သူ့ကို စိတ်ဝင်စားနေတာများလား။ထိုသို့တွေးမိတော့ ငါးခြောက်ကြော်မွှေရင်းဖြင့် ဉာဏ်လင်းထည် အသာပြုံးမိတော့သည်။ထိုအချိန် ပန်းကန်ဆေးသည့်နေရာသွားကူပြန်သောကောင်လေးက ထိုနေရာတွင်လဲ မြန်မြန်ဆန်ဆန်ရယ်ရယ်မောမောဖြင့် အဖွဲ့ကျသွားတာကိုတွေ့လိုက်ရတော့ တော်တော်လေးကို ပေါင်းသင်းဆက်ဆံရေးကောင်းတာပဲဟု ဉာဏ်လင်းထည် မှတ်ချက်ပေးလိုက်၏။ကြည့်ရင်း ကြည့်ရင်း စကားပြောချင်လာသော်လည်း ဘာပြောရမှန်းမသိ။ထို့ကြောင့် မျက်စိကစားကြည့်လိုက်တော့ စားပြီးသားပန်းကန်တွေ ကောက်ဖို့လိုတာတွေ့လိုက်ရာ အမြန်သွားကောက်လိုက်ပြီး အားရပါးရ ပန်းကန်တွေဆေးနေသူနား ဟန်မပျက်သွားလိုက်၏။

သူအနားရောက် ထင်မှတ်မထားဟန်မျက်ဝန်းများက အံဩသွားဟန်ကသိသိသာသာ။
ဉာဏ်လင်းထည် သူ့ကိုငေးကြည့်ကာ ငြိမ်နေသော သူကိုကြည့်ပြီး..
“ဘာငေးနေတာလဲ..”

“ဟမ်...”

စကားပြောလာမယ်မထင်ထားလို့လားမသိ ဝိုင်းစက်သွားသော မျက်ဝန်းများက ငေးကြည့်နေတုန်းမို့...
“လူတွေ ပြုံကျနေလို့ ထည့်စရာ ပန်းကန်ပြားတွေ မနိုင်တော့ဘူး...”

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now