ငါးနှစ်ခန့်ကြာသော်နှင်းဆီပန်းတွေကို လက်ထဲမှာကိုင်ထားတဲ့ ထိုအမျိုးသမီးဟာ မျက်ရည်တွေနဲ့ပင် ...
"တကယ်တော့ ငါ့ကို သူမချစ်ပါဘူး ... သူက ငါ့ကို စိတ်ထဲမှာရှိကိုမရှိဘူး "
ဟီးးးး
ဖြူတစ်ယောက် အဝါရောင် နှင်းဆီပန်းစီးကိုကြည့်ကာ ဗြုန်းခနဲ ငိုချလိုက်သည်။
ချောင်တစ်နေရာမှာပုန်းပြီးကြည့်နေတဲ့ သားအဖနှစ်ယောက်ကတော့ ခေါင်းကုတ်လျက်ပင် ...
"ဒယ်ဒီ ဒယ်ဒီ ဘာလုပ်လိုက်ပြန်တာလဲ "
သမီးလေး စကားပြန်ပြောတတ်ချိန်ကနေစလို့ လရိပ်လေးက သူ့ကို ဒယ်ဒီလို့သာခေါ်တော့သည်။
"သမီးရယ် ဒယ်ဒီက သမီးမာမီ နှင်းဆီပန်းလိုချင်တယ်ဆိုလို့ ဝယ်ပေးလာတာလေ"
မာန့်ခမျာ မိန်းမလုပ်သူက နှင်းဆီပန်းလိုချင်တယ်ဆိုလို့ ဝယ်လာပေမယ့် မျက်နှာမရတဲ့အပြင် ပိုက်ဆံအိတ်နဲ့တောင် ကောက်ပေါက်ခံလိုက်ရသေးသည်။
"ဒယ်ဒီ့သားက မာမီ့ကို အဲ့လိုဖြစ်အောင်လုပ်နေတာကိုး"
မာန် သမီးဖြစ်သူရဲ့ စကားတတ်ပုံကို ကြည့်ပြီးလက်မြှောက်သာနေရတော့သည်။
"သမီးမာမီကို ဘယ်လိုချော့ရင်ကောင်းမလဲဆိုတာ အကြံပေးဦးလေ"
"ဒယ်ဒီ သမီးက အခုမှ ၇နှစ်ပဲရှိသေးတာနော် "
သမီးရဲ့စကားကြောင့် မာန် ရယ်ချင်စိတ်ကို ထိန်းထားလိုက်တော့သည်။
"မာမီက ဒယ်ဒီကို ဘယ်လိုပြောလိုက်တာလဲ ပြန်စဉ်းစားကြည့်စမ်းပါ"
မာန် မယားတဲ့ ခေါင်းကို ခပ်ဖွဖွ ကုတ်ကာ ...
အိမ်သူဖြစ်သူ ဖြူက ကိုယ်ဝန်ငါးလထဲမှာဖြစ်သည်။ သမီးတုန်းကလို မဖြစ်စေရဖို့အတွက် မာန် ဖြူ ကိုယ်ဝန်ရှိသည်ဆိုကတည်းက အစွမ်းကုန် စောင့်ရှောက်သည်။ သမီးလေးတုန်းက မဖြည့်ဆည်းပေးနိုင်တာတွေကို သူဖြည့်ဆည်းပေးမယ်ဆိုတဲ့ သဘောနဲ့ပင်။ ဒါပေမယ့် သားတော်မောင်က ရစ်တာမှ အတော့်ကိုရ
စ်သည်။ ကိုယ်ဝန်စစရှိကတည်းက မာန်ကိုယ်တိုင်လုပ်တဲ့ ဒိန်ချဉ်ကို စားချင်ပါတယ်ဆိုပြီး အတင်းပူဆာသည်။ မာန့်ခဗျာ chef အကူအညီနဲ့ ဒိန်ချဉ်လုပ်နည်းကို နေ့ချင်းညချင်းသင်ယူလိုက်ရသည်။ အခုလည်း ဟိုနေ့က နှင်းဆီပန်းလိုချင်တယ်ဆိုလို့ မာန် ဝယ်လာလိုက်ပေမယ့် သူဝယ်လာတဲ့နှင်းဆီပန်းတွေကို ကြည့်ပြီး ငိုကြီးချက်မနဲ့ငိုကာ ပိုက်ဆံအိတ်နဲ့တောင် ကောက်ပေါက်လိုက်သေးသည်။ မာန့်ခဗျာလည်း တစ်ဦးတည်းသော ဖြေရှင်းရာလေးဖြစ်တဲ့ သမီးဖြစ်သူထံကို သွားအကူအညီတောင်းရတော့သည်။

YOU ARE READING
ဥပက္ခာတံတိုင်း
Romanceသမီးလေးကို ဖြူ့လို ဥတစ်လုံးတစ်ကောင်ကြွက်မဖြစ်စေချင်လို့ အကို့ကို ကပ်တွယ်မိခဲ့တာပါ။ ဖြူ့ရဲ့ အမှားကို ဖြူသိသလို ဖြူကိုယ်တိုင်လည်း အဲ့ အမှားကို ပေးဆပ်မှာပါ ... ဒါပေမယ့် အကိုရယ် အကို့ သွေးသားလေးကိုတော့ အကို့ရဲ့ နွေးထွေးမှုလေး နည်းနည်းတောင် မပေးနိုင်ဘူး...