#Unicode
"မင်းသား Yeon Woo ရဲ့အခြေအနေက ပုံမှန်မဟုတ်ဘူးနော် ။ တစ်ညလုံး အဲ့ဒီအပြင်မှာထိုင်နေတာ..."
အစေခံများမှာ ငူငူငိုင်ငိုင်နှင့်ထိုင်နေသည့် Yeon Wooကိုကြည့်၍ စိတ်မကောင်းဖြစ်နေကြသည် ။ ပန်းခြံထဲမှာ တစ်ညလုံးမအိပ်ဘဲထိုင်နေသည်ကိုလည်း သူတို့တွေသိသည်လေ။
"အရာအားလုံးကို ဆုံးရှုံးထားရတဲ့ပုံစံနဲ့... အတော်လေး စိတ်ဓာတ်ကျနေတာပဲ"
"ငါတို့ အရှင်သခင်ကိုလျှောက်တင်သင့်လား..."
"ဆက်ပြီးစောင့်ကြည့်ရအောင်"
မင်းသား Yeon Woo ကအနေအေးသည့်အပြင် တော်ရုံတန်ရုံကိစ္စကို မျိုသိပ်တတ်သူမို့ စိတ်ပူနေကြသည် ။ မင်းသားက ဘယ်လိုနာကျင်မှုမျိုးကိုမှထုတ်မပြတတ်သလို အခုလောက်အထိလည်းတစ်ခါမှ စိတ်ဓာတ်ကျမနေဘူးပေ။အခုလို သနားစရာကောင်းသည့်အခြေအနေရောက်အောင် ဘယ်အရာတွေကများ တွန်းပို့လိုက်လေသလဲ ။
-
-
-
-Taehyung မွေးနေ့ပွဲညပြီးကတည်းက Jungkook နဲ့စကားမပြောဖြစ်တော့ပေ ။ စိတ်ဆိုးတာမဟုတ်ဘဲ ရင်ဆိုင်ဖို့အခက်တွေ့နေတာကြောင့် ရှောင်ဖယ်နေမိသည် ။ Jungkook ကတော့ Taehyung ကိုတွေ့ဖို့အတွက် ခဏခဏလာရှာ၏ ။ သို့ပေမဲ့ Taehyung ကတွေ့ခွင့်မပေးတာကြောင့် အခန်းဝကနေ လှည့်ပြန်သွားရတာချည်းသာ။အခုလိုရှောင်နေတာကြီးက ယုတ္တိမရှိမှန်းသိပေမယ့် Taehyung မှရင်မဆိုင်ရဲဘဲ။
"အရှင်သခင်..."
ဟွန်းဟူက Taehyung ရှေ့မှောက်ခစား၍ အရိုအသေပေးသည် ။ ထို့နောက် Taehyung ကိုကြည့်၍ လာရင်းကိစ္စကိုပြော၏။
"မင်းသား Yeon Woo ဖျားနေတာ ဒီနေ့ရောဆို တစ်ပတ်လောက်ရှိပြီတဲ့ ။ အရှင်သခင့်ရဲ့ မွေးနေ့ပွဲပြီးကတည်းက နေမကောင်းဖြစ်နေခဲ့တာ ။ အစားအသောက်လည်းမဝင်တော့ လူကတော်တော်လေး ကျသွားတယ်... အဲ့တာ အရှင်သခင်လိုက်ကြည့်သင့်ပါတယ်"
Yeon Woo ဖျားနေတာတဲ့လား ။ Taehyung လည်း အဲ့ဒီညပြီးကတည်းက Jungkook နဲ့တွေ့မှာစိုး၍ ဘယ်မှမသွားခဲ့တာဖြစ်သည်။ အဲ့တာကြောင့်လည်း Yeon Woo နေမကောင်းတာကို မသိခဲ့တာဖြစ်၏ ။ Taehyung တို့မှာ ဘယ်လိုကိစ္စပဲရှိရှိ Yeon Woo အပေါ် အပြစ်ရှိနေသလိုအမြဲတမ်းခံစားနေရတာမို့ Taehyung သွားကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။

YOU ARE READING
My Dangerous Husband
FanfictionGay ဆိုတာကိုလက်မခံနိုင်တဲ့ Kim Taehyung ဆိုတဲ့ အဖြောင့်ကောင်လေးတစ်ယောက် ကျိန်စာတစ်ခုကြောင့် ယောက်ျားတွေပဲရှိတဲ့တိုင်းပြည်တစ်ခုကိုရောက်လာခဲ့ပြီး ယောက်ျားများစွာရဲ့ နှစ်သက်စွဲမက်ခြင်းကိုခံရတဲ့အခါ....