🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 22တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ အခေါ်မခံခဲ့ရဖူးသော နာမ်စားကို အခေါ်ခံလိုက်ရတာကြောင့် ပြေပြစ်ဂုဏ်ရောင်တစ်ယောက် နားထင်တွေပါ ပူထူသွားအောင် ရှက်သွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားစဉ် ရေချိုးခန်းထဲကနေ လှစ်ကနဲ ပြေးသွားသူလေးကို လှမ်းဆွဲပေမယ့် မမီလိုက်တော့ပါ။
"ဟားးးးးး...... ဘာ နှာဘူး ငါက နှာဘူး"
ခါးကိုထောက်လျက် ခေါင်းမော့ကာ ခပ်ရွတ်ရွတ် ရယ်လိုက်မိတော့သည်.။
ငါက ဘာကိစ္စ နှာဘူးဖြစ်ရမှာလဲ။ငါက သူ့ယောက်ျားလေ သူ အသက်မပြည့်သေးလို့ အလှကြည့်နေရတဲ့ဟာကိုများ ဒီသောက်ကလေးကတော့ အဟုတ်မှတ်နေတယ်။တစ်ချက်လေး နမ်းမိတာကိုများ နှာဘူး အခေါ်ခံလိုက်ရတယ်။ကြည့်နေလိုက် နောက်တစ်ခါကျရင် တစ်ချက်မကစေရဘူး ခေါ်ခံရတာနဲ့တန်အောင် သုံးလေးငါးချက်လောက် နမ်းပြမယ်ကွ။
_
_
_
_
ပြန်တည့်ခါစ ရှိသေးတာကို သွားနမ်းမိထားတော့ ရွယ်ကိုးက သူ့ကို မြင်တာနဲ့ ခပ်တည်တည်လုပ်နေပြီး မျက်စောင်းက မသိမသာ ထိုးတတ်သေးသည်။ပြေပြစ် မသိချင်ယောင်ဆောင်နေလိုက်ပြီး ဟင်းပန်းကန်ထဲက အသည်းအမြစ်တစ်တွဲကို ခပ်ယူကာ ....
"ရော့ အသည်းလေးစား "
"ဖလူး .....အဟွတ် ဟွတ် "
တူဖြစ်သူရဲ့flirt စကားကြောင့် ပယင်းကျောက်တစ်ယောက် သောက်နေတဲ့ရေပါသီးကာ တခွီခွီနေအောင် ထရယ်မိတော့သည်။ဘိုးဘိုးနဲ့ တီကြီးကပါ ပြုံးစိစိလုပ်နေတာကြောင့် ပြေပြစ်တစ်ယောက် မျက်နှာကို တည်ထားလိုက်ရင်း....
"ဟာ ဘာဖြစ်နေကြတာလဲ သူ့ကို အသည်းအမြစ် ကျွေးတာလေ ကြက်တစ်ကောင်လုံးမှာ စားလို့အကောင်းဆုံးအရာက အသည်းအမြစ်လေ "
"အင်းပါ အင်းပါ ငါတို့က ဘာပြောနေလို့လဲ ရေလေး သီးသွားတာပါဟယ်....ခွီး "
"ကဲ ရယ်နေတာတွေ တော်တော့
ထမင်းစားကြတော့ "ဦးစံရွှေမောင်ဟန့်လိုက်မှ ငြိမ်သွားကြလေသည်...
"ငါ့မြေး ခင်ခင်လေးကို စရိတ်ပေးရမှာကို မမေ့နဲ့နော် "
ဘိုးဘိုးစကားကြောင့် ပြေပြစ်ဂုဏ်ရောင်မျက်နှာကြီး အောက်ငုံ့ကျသွားလေသည်။ရွယ်ကိုးကို မသိမသာ မော့ကြည့်မိရင်း လူက ရှက်နေမိသည်။ဟိုကောင်မလေးကတော့ ဘိုးဘိုးစကားကိုလည်း အာရုံမစိုက်သလို သူ့ကိုလည်း မကြည့်ဘဲ သူ့ထမင်းသူ စားနေလေသည်။

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025