#Unicode
Taehyung အော်လိုက်တဲ့ အဲ့ဒီနေ့ကတည်းက Jungkook ကိုမတွေ့ရတော့ပေ။ Jungkook စိတ်ဆိုးသွားမည်ဆိုတာ Taehyung သိပါသည် ။ Taehyung ဘက်ကမလွန်ဘူးဟုယူဆမိပေမယ့် Jungkook အခုလိုလုပ်တော့လည်း Taehyung မနေတတ်ပြန်ပေ ။ အဲ့ဒီကလေးနှင့် တစ်နေ့မတွေ့ရလျှင် မနေနိုင်တော့သည်ကလည်း ထူးဆန်းလွန်း၏ ။ လွမ်းသလိုလို ၊ ဆွေးသလိုလိုဖြစ်လာတတ်၍ ကိုယ့်ခံစားချက်ကိုယ်ပင် Taehyung ကြောက်ရွံ့လာမိသည် ။
'Kim Taehyung .. စိတ်ထိန်းစမ်း.. မင်းအမှားမဟုတ်ဘူး .. သွားမတောင်းပန်နဲ့'
'မဟုတ်ဘူး Kim Taehyung မင်းသွားပြီး တောင်းပန်လိုက်... မဟုတ်ရင် Jungkook ကမင်းကို လာတွေ့တော့မှာမဟုတ်ဘူး'
'မင်း မတောင်းပန်သင့်ဘူး... တောင်းပန်လိုက်ရင် မင်းကသူ့အပေါ်ကိုခံစားချက်ရှိနေတာ သိသာသွားလိမ့်မယ်... '
'မဟုတ်သေးဘူး.. သူ့ကိုမတွေ့ရရင် မနေနိုင်ဘူးလေ'
'မင်းသူ့ကိုချစ်နေမိပြီပဲ~ မင်း ဝန်ခံရတော့မယ်'
"အား!!"
အတွေးပေါင်းများစွာကြောင့် Taehyung ခေါင်းကိုကုတ်၍ အော်ဟစ်လိုက်မိသည်။ Taehyung ဘာလုပ်လို့ဘာကိုင်ရမှန်းမသိအောင် စိတ်ရှုပ်ထွေးနေမိ၏ ။ Jeon Jungkook က Taehyung စိတ်အစုံကို အဲ့ဒီလိုမျိုး လွှမ်းမိုးထားနိုင်သည် ။ Taehyung ဘဝမှာ ယောက်ျားလေးတစ်ယောက်ကိုချစ်မိလိမ့်မည်ဟူ၍ စိတ်ကူးတောင်မယဥ်ခဲ့ဖူးပေ သို့ပေမဲ့ လက်တွေ့ဖြစ်လာခဲ့ပြီထင်၏ ။
-
-
-"မင်း... မင်း ဆေးခတ်မလို့လား"
Jungkook ထုတ်ပြသည့် ဆေးထုပ်လေးကို မြင်လိုက်လျှင်ပင် Jiminကအထစ်ထစ်အငေါ့ငေါ့ဖြစ်ကာမေးလေ၏ ။ အဲ့ဒီလောက်တောင်ကြောက်တတ်နေရင်လည်း Min Yoongi ကိုမလိုချင်တော့နဲ့ဟု Jungkook ပြောဆိုပစ်လိုက်ချင်ပေမယ့်လည်း အကြံအစည်အောင်မြင်ဖို့အတွက် မပြောဘဲ ဗိုက်ထဲကိုသာပြန်မျိုချလိုက်သည် ။
"နားထောင် .. အရှင်သခင့်မွေးနေ့ရောက်ဖို့ကမလိုတော့ဘူး ။ အရှင်သခင့်မွေးနေ့ပွဲညမှာ ညစာစားပွဲကျင်းပလိမ့်မယ်... အဲ့ဒီညစာစားပွဲက ခင်ဗျားအတွက်နောက်ဆုံးအခွင့်အရေးပဲ.. ဒီလိုကောင်းတဲ့အခွင့်အရေးမျိုးထပ်ရမှာမဟုတ်ဘူး"

YOU ARE READING
My Dangerous Husband
FanfictionGay ဆိုတာကိုလက်မခံနိုင်တဲ့ Kim Taehyung ဆိုတဲ့ အဖြောင့်ကောင်လေးတစ်ယောက် ကျိန်စာတစ်ခုကြောင့် ယောက်ျားတွေပဲရှိတဲ့တိုင်းပြည်တစ်ခုကိုရောက်လာခဲ့ပြီး ယောက်ျားများစွာရဲ့ နှစ်သက်စွဲမက်ခြင်းကိုခံရတဲ့အခါ....