' မင်း ချစ်မိသွားပြီဆိုရင် မငြင်းပါနဲ့။ မင်းဘဝရဲ့ အချစ်က မင်းမပါပဲ ရှေ့ဆက်သွားပြီဆိုလည်း စိတ်ဓာတ်မကျလိုက်ပါနဲ့။
အနာဂတ်မှာ ဘာတွေပဲဖြစ်လာပါစေ၊ မင်း သန်မာနေမှဖြစ်မယ်။
မင်းစိတ်ထဲ မနက်ဖြန်အတွက် စိုးရိမ်ပူပန်နေသေးရင်
ကိုယ်က မင်းရဲ့ဒီအချစ်ကို ခံယူပြီး ၊ မင်းကို အဖော်ပြုပေးရင်း ကမ္ဘာသစ်တစ်ခု ဖန်တီးပေးဖို့ ဆန္ဒရှိပါတယ်။
ကိုယ့်ကမ္ဘာထဲ မင်းရှိနေတဲ့အခါ နေ့ရက်တိုင်းက ရုပ်ရှင်တစ်ခုလိုပါပဲ။
အချစ်ဇာတ်လမ်းဖြစ်ပါစေ၊ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းဖြစ်ပါစေ၊ မင်းကသာ အဓိကဇာတ်လိုက်လေးပါပဲ။
မင်းရှိနေတဲ့ ကိုယ့်ကမ္ဘာမှာ တစ်ခါတစ်ရံ ရာသီဥတုသာယာသလို၊ တစ်ခုတလေ မိုးသက်မုန်တိုင်းလည်း ကျနိုင်ပါတယ်။
တိမ်ထူထူနေ့တွေမှာ မင်းကိုချစ်တဲ့အကြောင်း၊ မင်းကသက်တံ့ထက်တောင် ပိုလှတဲ့အကြောင်းတွေ ပြောမယ်။ '
လင်ဟိုင် ပါးစပ်ဟလိုက်သည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွားလေ၏။မည်သူမျှ စကားမပြောလည်းမပြောတော့သလို အားပေးသူလည်းမရှိ။အားလုံးက သီချင်း၏ အနုပညာရသထဲ မျောလွင့်သွားလေ၏။
မည်သူကမျှ စကားလည်းမဆိုသလို အားပေးအားမြှောက်ခြင်းလည်း မရှိကြပေ။
လူတွေအားလုံး သီချင်း၏အနုပညာရသထဲ ဈာန်ဝင်စားသွားကြလေတော့သည်။
လူတိုင်းလူတိုင်း၏ မျက်နှာတွင် အပြုံးကိုယ်စီဖြင့်၊ သီချင်းထဲမှ ချစ်သူဟာ သူ့အတွက် အရာအားလုံးကို စွန့်လွှတ်သည်းခံပြီး သူ့ကိုသာ ကမ္ဘာကြီးဖြစ်သည်ဟု မှတ်ယူထားကာ၊ သူ့နံဘေးတွင် သူ့အားမည်မျှလောက်ချစ်သည်ကို တီးတိုးပြောပြနေသည်ကို ကိုယ်တိုင်ခံစားနေရသကဲ့သို့ပင်။
နူးညံ့နွေးထွေးသည့် ခံစားမှုတစ်ချို့က လျှိုရှင်းယွဲ့၏ နှလုံးသားထဲ တိုးဝင်လာရသည်။ လင်ဟိုင်၏ ချိုမြိန်မှု၊ ပျော်ရွှင်ကြည်နူးမှုဖြင့်ပြည့်နှက်နေသော မျက်နှာအား ကြည့်ရင် သူမ မအံ့ဩမိပဲ မနေနိုင်ပေ။

YOU ARE READING
ငါ့ရဲ့ We Chat က သုံးလောကနဲ့ဆက်နွယ်နေတယ် !! (Slow Update)
Fantasyလင်ဟိုင်ဟာ သာမာန်ကျောင်းသားလေးတစ်ယောက်ပါပဲ။ ဒါပေမယ့် တကယ့်ကို ဒဏ္ဍာရီလာမသေမျိုးအမတတွေဖြစ်တဲ့ မျောက်မင်း၊ အရှေ့နဂါးဘုရင်နဲ့ အာ့လန်ရှန်း တို့ပါဝင်တဲ့ we chat group တစ်ခုထဲကို မတော်တဆ ဖိတ်ခေါ်ခံခဲ့ရပါတယ်။ အဲ့ဒီနေ့ကစပြီးတော့ သူ့ဘဝဟာ လုံးဝကို တစ်ဆစ်ချို...