Part _22

41.5K 1.5K 245
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 22

ဘိုးနဲ့ စကားပြောပြီးသည်အထိ ကိုးက အပေါ်ထပ်ကနေ ဆင်းမလာသေးတာမို့ သူအပေါ်ကို ပြန်တက်လာခဲ့သည်။သူမလေးရဲ့အခန်းရှေ့မှာ ရပ်လိုက်ရင်း...

"ဒေါက်ဒေါက်"

"ကိုး"

"ကိုးရေ"

ထူးသံမကြားရလို့ တံခါးဖွင့်ပြီး အခန်းထဲကို ခေါင်းတိုးဝင်ကာ ကြည့်လိုက်တော့ ပြတင်းဝမှာရပ်ပြီး ခြံထဲကို ငေးမောနေတဲ့ ကိုး ကို တွေ့လိုက်ရသည်။

"မနိုးသေးဘူး ထင်နေတာ သက်သာလား  ဘယ်လိုနေသေးလဲ"

သူအခန်းထဲကို လှမ်းဝင်သွားရင်း အနားရောက်တာနဲ့ နဖူးပြင်နုနုကို လက်တင်ကြည့်လိုက်တော့...

*ဖတ်*

ရေခဲတုံးလေးက သူ့လက်ကို ရိုက်ချလိုက်တာများ မြန်မှမြန်.....

"အဟား ယောက်ျားကို ရန်တွေ့ဖို့ အားရှိတယ်ဆိုတော့ နေကောင်းသွားပြီပေါ့"

သူပြောနေတာကို မကြားသလို လုပ်နေတာက အသည်းယားစရာလေးဖြစ်သည်။

"ဆံပင်ညှပ်ဆိုင် သွားရအောင်"

သူ့ကို ဝင့်ကနဲကြည့်လာတဲ့ မျက်ဆန်နက်နက်ကလေးတွေမှာ ဒေါသရိပ်ကလေးတွေ တွေ့နေရသေးတာမို့ သက်ပြင်းရှိုက်လိုက်မိရင်း......

"ပိုပြီးတော့ တိုသွားအောင် လုပ်မလို့ မဟုတ်ဘူးလေ ပုံကျသွားအောင် ဆိုင်မှာ သေချာညှပ်ပေးမလို့ပါ"

"မညှပ်ဘူး"

"လာပါကွာ  ငါညှပ်လိုက်တာက မညီတော့ ဆိုင်မှာ သေချာ သွားလုပ်ရအောင်"

"မသွားဘူး"

"လာပါဆိုကွာ"

"မညှပ်ချင်ဘူးလို့"

"ဟယ် ဖြစ်ကြပြန်ပြီ ဒီကလေးတွေ  အခုထိ မတည့်သေးဘူးလား"

"မတည့်ဘူး"

"ကဲ ပြေလေး နင့်ကို မတည့်ဘူးတဲ့ နင်က ခင်ခင်လေးအခန်းထဲကို ဘာဝင်လုပ်တာလဲ"

"ဆံပင်ကို ပုံကျကျလေး ဖြစ်သွားအောင် လိုက်ညှပ်ပေးမလို့ ခေါ်နေတာ တီငယ်"

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now