Ko Nyan's POV

11.5K 542 108
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
            🌾ကိုဉာဏ်လင်းထည်(POV)🌾

ဉာဏ်လင်းထည် ကိုယ့်အကြောင်းကိုယ် ခြေရာကောက်ရမည်ဆိုလျှင် ကျော်ဇောဝင်း သင်္ဘောမလိုက်ခင်ကာလကို ပြန်သွားရလိမ့်မည်။

“ငါ သင်္ဘောလိုက်သွားမှာ ငဉာဏ် မပျော်တစ်နှစ် ပျော်သုံးနှစ်ဆိုပေမယ့်  ရှစ်နှစ် ဒါမှမဟုတ် ဆယ်နှစ်အထိလဲ ကြာသွားနိုင်တယ်..ဘယ်လိုပဲ ရွာသူကြီး တူပဲဆိုဆို ယဉ်ယဉ်က ငါ့အစွမ်းအစနဲ့မဟုတ်ရင် ဘယ်အရာကိုမှ အထင်မကြီးဘူးတဲ့ကွ...မင်းသိလား ငါ စချစ်တတ်တဲ့အချိန်ကတည်းက သူတစ်ယောက်ထဲကိုပဲချစ်လာရတာ ..ဘယ်အပျိုကိုမှ စိတ်ထဲထည့်မရအောင်ထိကို သူတစ်ယောက်ထဲပေါ်မှာ ငါ့အချစ်က လေးနက်ခဲ့တာ..ငါသူ့ကို ငါ့ခွန်အားနဲ့ငါ တင့်တောင်းတင့်တယ်ထားချင်တယ်..ဒါကြောင့်မို့ ငါသင်္ဘောလိုက်နေတဲ့ကာလတွေမှာ မင်း သူ့ကို ငါ့အစား စောင့်ရှောက်ပေးပါ ငဉာဏ်...သူငါ့ကိုစောင့်နေမယ်ပြောတယ်...”

အသက် ၂၀စွန်းစွန်း လူတစ်ယောက်က မျက်ဝန်းထဲမှာ အချစ်တွေပြည့်လျှံပြီး အချစ်အတွက် စွန့်စားရဲနေပုံက ဉာဏ်လင်းထည်ကို အံ့ဩစေသည်။တစ်ယောက်ထဲသော ငယ်ပေါင်းသူငယ်ချင်းဖြစ်သူ၏ အမှာစကားအား ဉာဏ်လင်းထည် အလေးအနက်ထားကာ မသိမသာ စောင့်ရှောက်ပေးခဲ့သည်။

ထို့နောက် ဖြစ်ပျက်သမျှ ကိစ္စတွေမှာတော့ ဉာဏ်လင်းထည် နားမလည်နိုင်မှုနှင့်အတူ သူငယ်ချင်းဖြစ်သူအတွက် ခံပြင်းမှုတွေကပါ ရောထွေးခဲ့ရသည်။

ကျော်ဇောဝင်းက အဲ့ဒီမိန်းကလေးအတွက် ဒီနိုင်ငံ၊ ဒီရွာကိုစွန့်ပြီး ပင်လယ်ထဲမှာ အန္တရာယ်များစွာ ရှင်သန်နေသည့်အချိန် ထိုမိန်းကလေးကတော့ သူနှင့် စေ့စပ်ပွဲကို လက်ခံခဲ့သည်။ ယဉ်ခတ်နွယ်မိဘတွေကိုယ်တိုင်က လာရောက် စကားတောက်မှန်း ဉာဏ်လင်းထည်သိလိုက်ရသည့်အချိန် ထွက်လာသည့် ဒေါသတရားကို လွယ်လွယ်နှင့်မထိန်းချုပ်နိုင်ခဲ့။စေ့စပ်ပွဲက အလောတကြီးဖြစ်သွားတာမို့ ဉာဏ်လင်းထည် တစ်မျိုးကြံကာ စေ့စပ်ပွဲမပြီးခင် နှစ်ယောက်ထဲ စကားပြောလို့ရသည့် အခွင့်အရေးကိုရှာကာ တမင် စေ့စပ်ပွဲပျက်အောင် ကြံရွယ်ခဲ့သည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now