🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 21မည်းနက်ဖြောင့်စင်းကာ ပြောင်ပြောင်လေးနဲ့ ထူအုပ်မည်းနက်နေတဲ့ ဆံပင်ရှည်တွေကို လက်နဲ့ ထွေးပတ်ရစ်ကာ ဆုပ်ကိုင်ထားလိုက်ရင်း....
"ကဲ ကဲ "
"ဟင် "
"ကိုကြီး မလုပ်နဲ့ "
ခေါင်းလျှော်ပြီးစ ရှန်ပူနံ့လေး သင်းပျံ့မွှေးကြိုင်နေတဲ့ ဆံပင်နက်ပြောင်ပြောင်လေးတွေဟာ မြက်ခင်းစိမ်းပေါ်မှာ ထွေးကနဲ....
ရွယ်ကိုးက မျက်ရည်တွေအပြည့် ဖြစ်နေသော မျက်ဝန်းအစုံဖြင့် သူ့ကိုမော့ကြည့်လာတော့ လူက တောင့်ကနဲ ဖြစ်သွားရသည်။
"ကိုး"
"အဟင့် ဟင့်"
ကိုး က မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဒူးကလေးထောက်က သူမရဲ့ ဆံပင်ကလေးတွေကို တယုတယ ကိုင်ကြည့်ပြီး ခန္ဓာကိုယ်လေးက တသိမ့်သိမ့်တုန်လာတော့တာမို့ ပြေပြစ်ပူထူသွားရပြီး သူပါ ထိုင်ချလိုက်သည်။
"ကိုး"
"အဟင့်ဟင့် ဟင့်"
လက်ဖဝါးလေးတွေကို ဖွဖွဆုပ်ကိုင်မိရင်း.....
"မငိုပါနဲ့ကွာ ငါ. ငါက ဟို"
မျက်ဆန်နက်နက်ကလေးတွေ ဝင့်ကနဲ မော့ကြည့်လာတဲ့ပုံက စိမ်းသက်နေတာမို့ လန့်သွားရပြီး လက်ကလေးတွေကို ဆုပ်ကိုင်ထားတာက တင်းကနဲ ဖြစ်သွားရသည်။နှုတ်ခမ်းရဲရဲလေးတွေက တင်းတင်းစေ့နေပြီး လက်ကို ဆောင့်ရုန်းကာ ထပြေးတော့သည်။
"ဟာ ကိုး"
အကောင်ကလေး သေးသလောက် မြန်လိုက်တာများ လှစ်ခနဲနေတော့သည်။သူ ချက်ချင်း ထပြီး ပြေးလိုက်ပေမယ့် မမီလိုက်တော့။အိမ်ထဲကို ရောက်တော့ တီကြီးက မျက်လုံးပြူးနေကာ.....
"ဟယ် ဒီကလေးနှစ်ယောက် ဘာတွေ ဖြစ်နေကြတာလဲ ဟိုမှာ ခင်ခင်က ငိုပြီး အတင်းပြေးသွားတာ ရုတ်တရက် ဘာဖြစ်တာမှန်းမသိလို့ တီကြီးက ကြောင်ကြည့်နေတာ နောက်တော့မှ ဆံပင်ကို မြင်တာ ဘာဖြစ်ကြတာလဲ သား"
"ဟာ တီကြီး ဖယ်"
"သား ခင်ခင်လေးရဲ့ဆံပင်က ဘာလို့..."

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025