Part _ 20

38.8K 1.3K 201
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 20

"ကိုး "

"ကိုး "

ခေါ်နေတာတောင် မထူးသွားဘဲ ဟုတ်ရှင့်လို့ အမြဲထူးနေကြလေးက သူ့ကို လှည့်တောင်မကြည့်ဘဲ အပေါ်ထပ်ကိုတက်သွားလေတော့သည်...
ကောင်လေးတွေလိုက်တာကို စိတ်တိုနေရာက သားတော်မောင်နေမကောင်းဖြစ်တော့စိတ်ရှုပ်ပြီးအော်မိသည်...
အခုတော့ ဟုတ်ရှင့်က အသံတောင် ထွက်မလာတော့ဘူး....

ထမင်းစားချိန်ရောက်တော့လည်း နဂိုတည်းက
တည်တဲ့ရေခဲရိုက်မျက်နှာက နဂိုထက် နှစ်ဆလောက်တည်တင်းနေကာ ထမင်းကိုသာ ခပ်တည်တည်စားနေလေသည်...
လူကြီးတွေကတော့ ရိပ်မိဟန်မတူပါ...
ခင်ခင်ရွယ်ကိုးက မေးမှဖြေ လိုအပ်မှစကားပြောတာကြောင့် ငြိမ်တတ်သူပေမယ့် သူကတော့ မျက်နှာ
ကြည့်တာနဲ့ ခံစားလို့ရနေသည်...
ဒီကောင်မလေး အတော်ကြီး ကောက်နေတာဖြစ်သည်.....
နည်းနည်းလေးမှ ဆူလို့ကိုမရဘူး ဘာလေးမှန်းကို မသိဘူး....
@@@@@@@@@@
"ဒေါက်   ဒေါက် ဒေါက် "

တံခါးကို အဆက်မပြတ်ခေါက်လိုက်တော့ ရေခဲရိုက်မျက်နှာလေးဖြင့် တံခါးလာဖွင့်ပေးလေသည်...

"၉နာရီခွဲနေပြီ ခဏနေအိပ်တော့ ရုပ်ရှင်မကြည့်နဲ့တော့နော် "

သူနဲ့ မခေါ်တဲ့ဟာကို တံခါးတောင်လာခေါက်ပြီး ဆရာကြီးလာလုပ်တဲ့ခင်ခင်ရဲ့အမျိုးသားဆိုသူကို မျက်ခုံးတွေ စုကျုံ့ကာကြည့်လိုက်လေသည်...

"မျက်ခုံးကြီးလည်း တွန့်ကျိုးသွားဦးမယ်  ...ပြောတာကြားလား စောစောအိပ် "

"လီမင်ဟိုကား ကြည့်ဦးမှာ "

"ခင်ခင်ရွယ်ကိုး....!! "

အောင်မယ် ပြန်မထူးဘဲ မျက်ခုံးပင့်ကာကြည့်လာပြန်လေသည်...

"စကားနားထောင် အကျင့်မပျက်နဲ့ မနက်ဆိုလည်းအစောကြီးထတယ် စာလည်းတစ်နေကုန်လုပ်ဟိုလုပ်ဒီလုပ်နဲ့ ညကို စောစောအိပ်နေကျ အိပ်ပါလား ကျန်းမာရေးထိရင် အဲဒီကင်ချီမြေက ကောင်က လာကုပေးမှာ မို့လို့လား "

"ဆရာဝန်ပြမယ် "

"ကျစ်.....နေမကောင်းဖြစ်ကြည့် ငါက ဆေးခန်းမခေါ်သွားပေးဘူး ပစ်ထားမှာ "

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now