Part _19

33.3K 1.4K 128
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 19

"ကလေးကကျောင်းသွားလိုက်ပြီလား......ဒီမှာသူ့သူငယ်ချင်းအတွက်လက်ဆောင်ပေးဖို့အထုတ်လေးထုတ်ထားတာကို မပေးလိုက်ရဘူး''

ဒေါ်မြကျောက်က မုဒုံအပြန်လက်ဆောင်လေးကိုပေးဖို့အတွက်အဆင်သင့်ထုတ်ထားတာလေးကိုလက်မှကိုင်ရင်းပြောနေမိသည်....
ထိုစဉ်ပြေပြစ်ဂုဏ်ရောင်က အပေါ်ထပ်ကနေဆင်းလာသည်......

"သား ပြေလေး အလုပ်သွားတော့မလိုလား....
ဆိုင်ကိုသွားရင်းသမီးရဲ့ကျောင်းမှာဒီအထုတ်လေးဝင်ပေးပေးပါလား"

"အစားအသောက်တွေပါတော့။နောက်ရက်အတွက်မကောင်းမှစိုးရတယ်"

"ကျွတ်....တီကြီးတို့ကတော့လုပ်ပြီ "

"လုပ်ပါပြေလေးရယ် သူ့ခမျာ ဒီရောက်မှ ဒီသူငယ်ချင်းလေးတစ်ယောက်တည်းရှိရှာတာကို "

"ပေး "

ရုပ်ကမယူချင်ယူချင်နဲ့ လက်ကတော့ အထုတ်ကိုယူသွားတာများသွက်လို့ .....

@@@@@@@@@@@@@@@@

''ဖေဖေ့  ........ကလေးတွေကအခုတလောပိုပြီးတော့ရင်းနှီးလာသလိုပဲနော် "

''ဟုတ်တယ်သမီး.....ခရီးထွက်တာလည်းမှန်သွားသလိုပဲ''

''ခရီးမှာနှစ်ယောက်သား တည့်နေကြတာများ သဘောကျစရာကြီး''

"ဖေဖေ ဘာလို့ ခင်ခင်လေးကို ရွေးချယ်လဲအစကသမီးတို့ နားမလည်ခဲ့ဘူး အခုတော့ကြာလေသိလေပဲ "

"ဟုတ်တယ် သမီးကြီး ဖေဖေကအစကတော့ သားကြီးတင်နေတဲ့ ကျေးဇူးကြွေးကို ဆပ်ဖို့ ကတိတစ်ခုပေးခဲ့တာပေမယ့် ကြာလေကြာလေ သူတို့ရွာကို သွားတိုင်း ငယ်ငယ်တည်းက တွေ့ခဲ့ရတဲ့ ဒီကလေးကလေ ပုံစံနဲ့ အကျင့် စိတ်နေစိတ်ထားလေးကမပြောင်းသွားဘူး တစ်သတ်မတ်တည်းပဲ သိပ်လိမ္မာပြီး အနေတည်တာ .....အိမ်က ကောင်က ဒါမျိုးလေးနဲ့မှ အပိုးကျိုးမှာသမီးရဲ့ ဟားဟားဟား "

"ဟင်း ဟင်း ဟင်း ဟုတ်ပါ့ ဟုတ်ပါ့ ဖေဖေရေ "
_
_
_
_
_
"ဟျောင့် ဟျောင့် ဟိုဘဲ မဟုတ်လား "

လက်မှာ အထုတ်တစ်ထုတ်ကိုင်ကာ ကျောင်းထဲကိုတန်းတန်းမတ်မတ်ဝင်သွားတဲ့ ပြေပြစ်ဂုဏ်ရောင်ကို  မင်းမြတ်ဗဟိုရ်တို့ အဖွဲ့ကကြည့်နေလေသည်...

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now