အပိုင်း(၄၃)

13.7K 814 504
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                      🌾အပိုင်း(၄၃)🌾

ညနေစောင်းမှ ရေချိုးအဝတ်အစားလဲဖို့ရန် ပြန်သွားသော ကိုဉာဏ်ကြောင့် ငြိမ်းဝေ သက်ပြင်းမောကို အသာရှိုက်ထုတ်လိုက်၏။ဒါတောင် သူမနည်း ပြန်လွှတ်လိုက်သောကြောင့်ပင်။မဟုတ်လျှင် သူ့ကို တစ်နေ့လုံး အရိပ်တကြည့်ကြည့် ကြည့်နေသူက အရှေ့တဲပြန်မည့် အစီအစဉ်ရှိပုံမရသောကြောင့်ဖြစ်သည်။

အဖေ့ဆီက အဝတ်အစားတွေငှားပေးရအောင်လဲ ခန္ဓာကိုယ်ချင်းက နည်းနည်းကွာသဖြင့် သက်တောင့်သက်သာ ဖြစ်လိမ့်မည်မဟုတ်ပေ။ ဒါတောင်ရေပြန်ချိုးပြီးရင် အဝတ်အစား သုံးလေးစုံယူပြီး ပြန်လာမည်ဟု ဆက်ဆက်ပြောသွားသည်။ငြိမ်းဝေ အပြင်ထွက်ပြီး လမ်းမလျှောက်နိုင်သေးတာမို့ ခေါင်းညိတ်ကာ လက်ခံလိုက်သည်။ကိုဉာဏ်ရှိနေတော့ မျက်နှာလေးကို ကြည့်ပြီး သူအားယူလို့ရတာပင်။

စိုးလင်းမောင်နှင့် ဒေါ်မေမောင်ကတော့ နေ့ခင်းစာစားပြီးမှ သူတို့အိမ်ကို ပြန်သွားကြတာဖြစ်သည်။ဒါတောင် စိုးလင်းမောင်က ညကျလျှင် စားချင်တာပြော ဝယ်ခဲ့ပေးမည်ဟု ပြောသွားသေးသည်။ထိုကောင့်ကြည့်ရတာ သူ့ရှေ့သေအောင်ရိုက်ခံရတာကိုမြင်လိုက်၍ လန့်နေသည့်ဟန်ဖြင့် အမေနှင့် ကောင်းကောင်းမျက်လုံးချင်းမဆုံပေ။ကြည့်ရတာ အမေ့ကို လန့်သွားပုံရသည်။သူ့ကိုလဲ စိုးရိမ်နေသည့် အကြည့်များဖြင့်ကြည့်ကာ စကားတော့ သိပ်မပြော ။ထိုအစား မနက်တုန်းက တစ်အိမ်လုံး လိုအပ်သည့်နေရာတွေကို ရေ‌တွေ ဆွဲဖြည့်ပေးနေလေ၏။

အမေနှင့် ငြိမ်းဝေကတော့ အခုထိ စကားမပြောဖြစ်ကြသေးပေမယ့် ထမင်းစားတုန်းက ပန်းကန်ထဲထည့်ပေးလာသည့် အသားတုံးများကြောင့် အမေ သူ့ကိုစိတ်မဆိုးတော့ဘူးဆိုတာ ငြိမ်းဝေ သိလိုက်သည်။အမေ့အတွက်လဲ အချိန်လိုမှာမို့ ငြိမ်းဝေ နားလည်သည့်အတွက် တွန်းအားမပေးဖြစ်။ထိုအစား အမေ့ဘက်က သူ့ကို စကားပြောချင်လာသည့် အချိန်ရှိလျှင် ထိုအချိန်ကျမှ အမေနှင့် သေချာစကားပြောမည်ဟု ငြိမ်းဝေတွေးထားသည်။ထို့အပြင် ထိုကိစ္စနှင့်ပတ်သက်ပြီး အမေ ဘယ်လိုသိတာလဲဆိုတာ သူမေးကြည့်ဖို့လဲ လိုသေး၏။မနေ့က ရိုက်ခံရတုန်းက ပုံမှန်ဆို ငြိမ်းဝေက ခဏခဏမွှေတတ်၍ ရိုက်ခံရတတ်သောကြောင့် ရွာထဲက လူတိုင်းကပုံမှန်ပဲဟုတွေးကာ ဘာမှတော့ လာ‌မမေးကြသေး။ကြည့်ရတာ ထိုကိစ္စကို မသိကြလောက်သေးဘူးထင်၏။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now