8 year later
အချိန်တွေတစ်ရွေ့ရွေ့ကုန်ဆုံးခဲ့သည် ကဲလ်ဗင်လေးဟာ လူပျိုပေါက်စအရွယ်ရောက်နေပြီ အင်ထယ်လေးဟာလည်း ၆တောင်ရှိနေလေပြီ
"ကဲလ်ဗင်"
"ဗျာ ဒယ်ဒီ"
"မင်း ရည်းစားရနေတာဆို"
"ဗျာ မဟုတ်..ဟုတ်ပါဘူး"
"မလိမ်နဲ့ ဒယ်ဒီက လိမ်တာမကြိုက်ဘူး"
"ဟုတ် ဒယ်ဒီ"
"မင်းအသက်ဘယ်နှနှစ်လည်း"
"13နှစ်"
"အဲ့အရွယ်က ရည်းစားထားရမဲ့အရွယ်လား"
"ကျွန်တော်ရည်းစားထားတာ ဒယ်ဒီဘယ်လိုသိတာလည်း"
"မင်းညီမပြောပြတာ"
"အင်ထယ်မ!"
"ဘာဖြစ်လည်း ဘာဖြစ်လည်း ပြောတော့ဘာဖြစ်လည်း"
"ဒယ်ဒီမေးတာဖြေ အဲ့ကောင်မလေးက ဘယ်ကလည်း"
"ဒယ်ဒီ အဲ့မမက ကိုကိုနဲ့ တစ်တန်းထဲ မမက ကိုကို့ထက် အရပ်နည်းနည်းဘဲ ပုတာ ဆံပင်အရှည်ကြီးနဲ့ လှတယ်"
"ဒီသားဖ၃ယောက်ဘာဖြစ်နေကြတာလည်း"
"ပါး မီးပြောစရာရှိတယ်"
"ပြောလေ ပါးသမီးလေးရဲ့"
"ကိုကိုရည်းစားထားနေတာ"
"ဂျွန်အင်ထယ်!"
"ဒယ်ဒီ ကိုကိုက မီးကို အော်တာဟင့်!"
"ညီမလေးကိုအဲ့လိုမအော်ရဘူးလေ သားရဲ့"
"ဒယ်ဒီမသိပါဘူး အဲ့ကလေးမက တစ်ချိန်လုံးသားအနားဘဲ ကပ်နေတာ ကိုကိုလို့မခေါ်နဲ့လို့လည်းပြောမရဘူး သားကောင်မလေးကမကြိုက်ဘူး"
*ဖြောင်း!*
"ထယ့်!"
"ပြန်ပြောလိုက်စမ်း ဂျွန်ကဲလ်ဗင် မင်းကိုဒီလိုတွေလုပ်ဖို့ ငါသင်ပေးထားတာမဟုတ်ဘူး ကိုယ့်ညီမအရင်းကို အဲ့လိုစကားတွေပြောစရာလား ဟမ်! ဒီနားတွေက မပါဘူးလား ဟိုကောင်မက ဘာတွေအရေးပါနေလို့လည်း ဟမ်!"
"ထယ်! တော်ပြီ"
"မင်းလည်း သတိထားဂျွန်အိီသန် ကျပ်ကျပ်အလိုလိုက်အဲ့ကောင်ကို ဖယ်!"
