END OF THE BEGINNING

217 36 26
                                        

D E A R   A Z E N D R A

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


D E A R   A Z E N D R A

" အဆုံးသတ်မှာတော့ ကိုယ်တို့က
ကိုယ်တို့အတွက်ပဲရှိနေကြရအောင်နော်"

_____________________________

"တောင်းပန်ပါတယ်ဗျ"

ပခုံးစွန်းကနေဖြတ်တိုက်သွားတဲ့ အထိအတွေ့ဟာ ကံကြမ္မာချည်ငင်ရဲ့နောက်ထပ်ကျီစယ်မှုစတင်ရာလို့ပဲ ဆိုရလေမလား။

"ရပါတယ်ဗျ"

ခပ်ဝိုင်းဝိုင်းမျက်ဝန်းတို့က အရည်လဲ့နေတဲ့ မျက်ဝန်းတို့နဲ့ဆုံတဲ့အခိုက်အတန့် နှစ်ယောက်ကြားက အချိန်စီးဆင်းမှုက အနှေးပြကွက်ဖြစ်သွားတယ်။

စက္ကန့်ပိုင်းမျှ အခိုက်အတန့်အတွင်းမှာ အသက်ရှုသံ၊ ဆံသားတွေကိုလေတိုးလို့
လှုပ်ခတ်သွားပုံ၊ ပွင့်ချည်ပိတ်ချည်ဖြစ်နေတဲ့ မျက်တောင်လှုပ်ရှားမှု အရာအားလုံးကို အသေးစိတ်မြင်လိုက်၊ကြားလိုက်ရတယ်။

"အဇန်‌ဒရာ"

နှုတ်ကထွက်သွားတဲ့ အမည်နာမတစ်ခုဟာ
ဟီဆွန်းအတွက် ရင်းနှီးနေပေမဲ့ တစ်ဖက်လူကတော့ အထူးတဆန်းကြည့်ပြီး ကျောခိုင်းသွားတယ်။

"နောက်ဆုံးတော့ ပြန်တွေ့ရပြီပဲ၊ အဇန်ဒရာ"

ရာစုနှစ်ပေါင်းများစွာ ဘဝပေါင်းများစွာ
ကို ဖြတ်သန်းပြီးတော့ မျှော်နေခဲ့ရတဲ့ ပုံရိပ်ဟာ မျက်စိရှေ့မှောက်ရောက်လာပေမဲ့ သူဖမ်းဆုပ်ခြင်း မပြုလိုက်မိပါဘူး။ ငေးရုံသာငေးကြည့်ခဲ့မိတယ်။

DEAR AZENDRA [✓]Where stories live. Discover now