Part _ 18

34.9K 1.4K 161
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 18

"ရွယ်ကိုး "

ပြေပြစ်ဂုဏ်ရောင်သည် တံတားပေါ်တက်လာစဉ် ခင်ခင်ရွယ်ကိုးက ငုတ်တုတ်လေး ထိုင်ချလိုက်ပြီး ရင်ဘတ်ကို ဖိထားလေသည်...

"ဘာဖြစ်တာလဲ ကိုး "

ခင်ခင်ရွယ်ကိုးက မော့မကြည့်ဘဲ ရေပြင်ကို လက်ညိုးညွှန်ပြတော့ ....

"ဟာ "

တီငယ်က ဘယ်လိုဖြစ်ပြီး ကျသွားသည်မသိ ဦးမောင်က ကယ်လာတာ မြင်ရသည်။

"တီငယ် "

တီငယ်ဆိုပြီး ခြေလှမ်းဘက်ပြောင်းကာ ပြေးသွားမလို့ပေမယ့် ဒီငုတ်တုတ်လေး ပုံစံက မဟန်သလို ခံစားရတာကြောင့် ခြေထောက်တွေက ခဲဆွဲထားသလို ဖြစ်နေကာ ရွှေ့လို့မရ.....

ကိုယ့်အဒေါ် ဘာဖြစ်နေလဲတောင် မကြည့်အားတော့ပဲ သူပါ ငုတ်တုတ်ထိုင်ချလိုက်ပြီး ခေါင်းလေးငုံ့ထားသော အိမ်ကကလေးရဲ့မျက်နှာကို မြင်ရအောင် သူပါလိုက်ငုံ့ကြည့်တော့ မျက်ရည်လေးတွေ စီးကျနေရှာလေသည်။

"ဘာလို့ ငိုနေတာလဲ "

"ဦး.....ဦးမောင်တို့ ဘာမှ မဖြစ်ဘူးမလား "

"ဟင် "

ထိုအခါမှ ပြေပြစ်ကိုယ်ကြီး တောင့်ကနဲဖြစ်သွားကာ တစ်ဖက်ကဒီကလေး ဘာဖြစ်နေသလဲဆိုတာကိုပါ ရိပ်မိသိရှိသွားလေတော့သည်။ဖေဖေရေနစ်တာကို သူမအဖေကကယ်ရင်း အသက်ဆုံးပါးသွားတာကို  စိတ်ထဲမှာစွဲကာTruma ရနေပုံ ပေါ်သည်။
သူတို့အိမ်က လူကြီးတွေကလည်း အလကားနေ ရေနစ်ပဲ နစ်နိုင်လွန်းသည်။

"မဖြစ်ဘူး ဘာမှမဖြစ်ဘူး တီငယ်ကို ကယ်လာပြီ လာ ထသွားကြည့်ရအောင် "

သူမက ခေါင်းလေးခါကာ.....

"ထမရဘူး ခဏ "

"ငါချီရမလား "

"မချီနဲ့ "

"ငါကလည်း မချီပါဘူး စကားအဖြစ် ပြောတာပါ မင်းကို ချီစရာလား ဘယ်သူကမှ ချီချင်မနေဘူး "

မချီဘူးလို့ ရိုးရိုးပြောရင်လည်း ရနေတဲ့ဟာကို ဒီJuicyအဖေဟာ အင်မတန်မှ ရစ်နိုင်ပြောနိုင်သောလူကြီး ဖြစ်သည်။

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now