အပိုင်း(၄၂)

13.5K 797 217
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                      🌾အပိုင်း(၄၂)🌾

ပျော့ခွေသွားသော ခန္ဓာကိုယ်လေးကြောင့် ဉာဏ်လင်းထည် ပြာသွားကာ...
“ကလေး ကလေး ရင်ငြိမ်းဝေ ..ဟေး...”

“ရင်ငြိမ်းဝေ..ကလေး ကိုယ့်ကိုကြည့်ပါဦး...”

လုံးဝသတိလစ်သွားသည့် သူ့ကလေးအား ဉာဏ်လင်းထည် ပါးကို အသာလေးပုတ်ကာ နှိုးပါသော်လည်း မရ။စိုးရိမ်စိတ်တွေက ဒီရေအလား မြင့်တက်လာပြီးနောက် ဉာဏ်လင်းထည် ပြာယာခတ်စွာ တံခေါက်ကွေးကနေ ကောက်မလိုက်သည်။သူ့ကလေးကို သူနှင့်ခေါ်သွားတော့မည်။သူ ဒီအိမ်မှာ သူ့ကလေးကို ဆက်မထားနိုင်တော့ဘူး။

“ကလေး ကိုယ့်ကလေးလေး ကိုယ့်ကိုကြည့်ပါဦး...”

ဉာဏ်လင်းထည်၏ စိုးရိမ်စိတ်များဖြင့် အက်ကွဲနေသော အသံကိုကြားမှ သတိဝင်သွားသည့် လူလေးဦးက ထိုအခါမှ ပြာပြာသလဲ ဖြစ်သွားတော့သည်။

“ငါ့သား ငြိမ်းဝေ ဟေ့ရောင်...ရင်ငြိမ်းဝေ ဖေ့သားလေး သတိထားဦးလေ...”
ဦးစိုးဝေ ပြောရင်း လက်လွှဲယူဖို့လုပ်လိုက်သော်လည်း တင်းမာ နီရဲနေသည့် မျက်ဝန်းတွေက သူ့ကိုကြည့်လာသဖြင့် မယူနိုင်တော့။

“ကလေးက သတိလစ်သွားတာ မိငြိမ်းရယ် နင်အဲ့လောက်ထိ ကလေးကို ရိုက်ရလား..ပါးစပ်နဲ့ ပြောဟဲ့ ပါးစပ်နဲ့ပြော ..အမလေး ငါ့သားလေး သနားပါတယ်ဟယ်...”
ဒေါ်မေမောင် ပြောရင်း ငြိမ်းဝေလေးဆီသွားပြီး ပြာယာခတ်စွာပဲ ခေါင်းပေါင်းစနှင့် သတိလည်စေရန်ယပ်ခပ်ပေးလိုက်၏။

စိုးလင်းမောင်ကတော့ သူ့သူငယ်ချင်း သတိလစ်သွားသည်ကို မြင်လိုက်ရတော့ အံ့ဩတုန်လှုပ်စွာ ကြောင်ရပ်နေမိသည်။

“ဟဲ့ စိုးလင်းမောင် ကြောင်မနေနဲ့ သွား တောင်ပိုင်းအိမ်က သံပုရာသီးရအောင်တောင်းခဲ့..”

“ဟုတ် ဟုတ်...”
စိုးလင်းမောင် ပြန်ဖြေပြီးသည်နှင့် ဖိနပ်တောင်မပါဘဲ ‌ရွာတောင်ပိုင်းက သံပုရာပင်စိုက်ထားသည့် အိမ်သို့ အမြန်ပြေးတော့သည်။

ဒေါ်ခက်ခက်ငြိမ်းကတော့ ထိုနေရာမှာပဲ ကြိမ်ချောင်းကြီးကိုကိုင်လျှက် ဆွံ့အစွာ ‌မေ့မြောနေသည့် သူမသားကို စိုက်ကြည့်နေမိသည်မှာ မလှုပ်မယှက်။သူမ သူမ ဒီလိုမျိုး ဖြစ်ချင်တာမဟုတ်။သူမ ဘယ်လိုလုပ် သူမသားငယ်လေးကို ဒီလောက်ထိ ရိုက်နိုင်ရတာလဲ။ဘယ်လိုစိတ်မျိုးနဲ့ ငြိမ်းဝေလေးကို ကလေးကို ဒီလောက်ထိ ရိုက်နိုင်ရတာလဲ။ဒေါ််ခက်ခက်ငြိမ်း အပြစ်ရှိစိတ်များစွာဖြင့် မျက်လုံးတွေ ပြာကာ မူးမော်လာတော့သည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now