Part _17

37.4K 1.3K 103
                                        


🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 17

"ရော့ "

ကျန်ကျောင်းကြွပ်ကြွပ်အိတ်တစ်လုံးစာလောက်ရှိသော အထုတ်ကိုကြည့်ကာ ခင်ခင်မျက်လုံးလေးဝင့်ကာ ဘာတွေလဲလို့မေးလိုက်တော့...

"ယိုမပါတဲ့ပေါင်မုန့်တွေ တစ်နှစ်စာလောက်အေးဆေးပဲ "

" ဟုတ်ရှင့် "

ပြေပြစ်ဂုဏ်ရောင်ကအထုတ်ကိုပေးပြီး အပေါ်ထပ်တက်ဖို့လုပ်တော့....

"ကိုကြီး "

အနောက်ပါးကနေ နူးနူးညံ့ညံ့ခပ်အေးအေးလေသံလေးထွက်လာတော့ပြေပြစ်ဂုဏ်ရောင်တစ်ယောက် တံတွေးတစ်ချက်မျိုချကာအနောက်ကိုလှည့်ကြည့်လိုက်လေသည်...

"အွန်း "

"Lotionလူးဖို့ မမေ့ရဘူးနော် "

"အွန်း "

ပျားတုပ်ပြီးသုံးရက်လောက်နေတော့ အရောင်တွေကျသွားပေမယ့် အမည်းစက်အနာစက်တစ်ချို့ကျန်ခဲ့လေသည်....
ဒါကို အိမ်ကဆရာဝန်မလေးက Lotionမှန်မှန်လူးပေးရင်ပျောက်တယ်ဆိုပြီးသူ့ကိုပြောထားလေသည်...

ထမင်းစားပြီးအပေါ်ထပ်တက်လာကာ အပေါ်ထပ်က ဆက်တီစားပွဲပေါ်တွင်တင်ထားသော Lotionဘူးကို ညှစ်ကာ အရေပြားပေါ်သေချာလိမ်းနေစဉ် ဖုန်းလာလို့ ဖုန်းကို လှမ်းအယူ တံတောင်ဖြင့်Lotionဘူးက တိုက်မိကာ ကြမ်းပြင်ပေါ်သို့လိမ့်ကျသွားလေသည်...

"ဂလောက်"

"ဂလောက် "

ထိုစဉ် ခင်ခင်ရွယ်ကိုးကလည်း အောက်ထပ်ကနေ အပေါ်ကိုတက်လာချိန် အနောက်ကနေ Juicyကလည်း ထပ်ကြပ်မကွာလိုက်ပါလာလေသည်...

"ဝု "

နောက်ကနေ Juicyက ချစ်စနိုးဖြင့်အသံပေးကာ အနားကပ်လာတော့ ခင်ခင်သည်လန့်ကာခြေလှမ်းမှားပြီး....

"ဗြစ် "

"ဟင် "

ဘယ်လိုရောက်နေမှန်းမသိတဲ့ Lotionဘူးကို တက်နင်းမိပြီး Lotionအနှစ်တွေဟာကြမ်းပြင်ပေါ် ပန်းထွက်ကာ ယိုဖိတ်ကျကုန်တော့သည်.....

"ဟေ့ကောင် ဟိုက ခွေးကြောက်ပါတယ်ဆို မင်းကခြောက်နေလိုက် "

ခင်ခင်ရွယ်ကိုးက နှုတ်ခမ်းတစ်ချက်စူကာ Juicyအဖေကိုကြည့်လိုက်လေသည်....
အရင်ကသူပဲ သူ့သားနဲ့လူကို ခြောက်နေတာမဟုတ်ဘူးလား ကိုကြီးရဲ့ဟု ထုတ်မေးပစ်လိုက်ချင်တော့သည်....

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now