အပိုင်း(၃၉)

12K 724 238
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                      🌾အပိုင်း(၃၉)🌾


ဘာမှမသိသေးသော ရင်ငြိမ်းဝေကတော့ ဗီဒီယိုလာကြည့်ရင်း ကိုဉာဏ်ပေးလိုက်သော ကြက်သွန်ဖြူအတွဲလိုက်ကြီးကို အိမ်သို့ပြန်သယ်သွားလိုက်သည်။တစ်တွဲ၊နှစ်တွဲလဲမဟုတ် ဆယ်တွဲတောင်ဆိုတော့ ငြိမ်းဝေ ပြန်ရောင်းစားဖို့များ ပေးတာလားဟုတောင် ထင်သွားရသည်။

‌ဟိုကောင်စိုးလင်းမောင်အတွက်လဲ နှစ်တွဲပါလာတာမို့  ကြည့်ရတာ ဒီနှစ် ကြက်သွန်ဖြူအထွက်ကောင်းသည့်ပုံပင်။ငြိမ်းဝေတို့ကတော့ နေကြာစိုက်ပြီး ရိတ်သိမ်းပြီးသွားပြီဖြစ်လို့ လောလောဆယ်တော့ ဒီတိုင်း အလွတ်ထားထားသည်။တန်ခူးပြီးရင်တော့ မြေပဲပြန်ကျဲဖြစ်လောက်မည်ထင်၏။

ပုံမှန် သူဗီဒီယိုကြည့်ပြန်လာသည့်အချိန်ဆို အမေက အိပ်နေတတ်ပြီဖြစ်ပြီး ဒီနေ့တွင်တော့ မအိပ်ဘဲ အင်္ကျီအပြဲချုပ်နေသည်ကိုတွေ့လိုက်ရသည်။

"အမေ့ မအိပ်သေးဘူးလား...”

“အေး...”

"အဖေရော...”

“ပြင်ဘက်ထိုင်(အိမ်သာတက်)သွားတယ်..”

“ဪ...ဒီမှာ ကိုဉာဏ်လင်းထည်က အိမ်သုံးဖို့တဲ့ ကြက်သွန်ဖြူတွေပေးလိုက်တာ ...'

ဒေါ်ခက်ခက်ငြိမ်းမော့ကြည့်လိုက်ရာ အတွဲလိုက်စီးထားသော ကြက်သွန်ဖြူတွေကြောင့်..
“ဟဲ့ များလှချည်လား...အားနာစရာကြီး..”

“အားနာမနေပါနဲ့အမေရယ်...ကျုပ် မီးဖိုးထဲက ထုတ်တန်းမှာ သွားချိတ်ထားလိုက်မယ်...”

“အေး အေး...မောင်ဉာဏ်လင်းထည်က ခဏခဏ ဟိုဟာပေးလိုက် ဒါပေးလိုက်...မဖြစ်သေးပါဘူး မနက်ဖြန်ကျရင် ခေါပုတ်လေးလုပ်ပေးဦးမှပါပဲ...”

“ကောင်းတာပေါ့ ကျုပ်လဲ ခေါပုတ်စားချင်နေတာ..”

သူပြောလိုက်တော့ မျက်စောင်းဝံ့ကြည့်လာသည့်အမေက မနက်ကျရင် ခေါပုတ်တွေအများကြီးလုပ်ပေးထားမှာကိုတွေးမိသွားတော့ ငြိမ်းဝေမျက်နှာပြုံးစိစိဖြစ်သွားသည်။ဒီရွာထဲမှာ အမေကလွဲရင် ခေါပုတ်လုပ်တတ်သူမရှိပေ။အကုန်လုံးနီးပါးက သူ့ရာသီချိန်ရောက်မှ မြို့ကနေဝယ်စားတတ်ကြတာဖြစ်သည်။လုပ်ရတာ လက်ဝင်တာမို့ အမေကလည်း လုပ်မရောင်းသလို ငြိမ်းဝေတို့တောင် အမေစိတ်ပါသည့်အခါမှ စားရတာမျိုးဖြစ်သည်။စီးပိုင်နေသည့် ခေါပုတ်လေးကို သကြားလေးနဲ့တို့စားလိုက်ရသည့်အရသာက ပြောရင်းတောင် ငြိမ်းဝေ စားချင်လာရသည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now