🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 16"ပြေလေး ဆွဲပေးလိုက်လေ "
"ဗျာ ဟုတ် "
ဟိုဟာလေးကို တိုးကပ်လိုက်တော့ သနပ်ခါးရနံ့နှင့် ရှန်ပူရနံ့သင်းသင်းလေးပါ ပေါင်းစပ်ကာ ထုံသင်းမွှေးကြိုင်နေလေသည်။လည်ဂုတ်ရှင်းရှင်းလေးက မှဲ့နက်နက်စိုစိုကလေးကို ကြည့်ရင်း ဆွဲကြိုးကို သေချာ ဆွဲပေးလိုက်သည်။
ချိတ်ကို ချိတ်ပေးနေရင်း သူ့လက်မက မှဲ့နက်လေးကို မသိမသာ ပွတ်ဆွဲသလို လုပ်မိသွားတော့ ခင်ခင်ရွယ်ကိုးရဲ့ ကိုယ်လေးက တုန်တက်သွားလေသည်။
ပြေပြစ်ဂုဏ်ရောင် မျက်စိကို မှိတ်မိလိုက်ရင်း..ရူးနေလား ပြေပြစ်ဂုဏ်ရောင် ဒါဟာ ဒီအတိုင်း မှဲ့တစ်လုံးကွ.....
"ပြီးပြီ "
"ဟုတ်ရှင့် "
မျက်နှာရဲရဲလေးက သူ့ကို တစ်ချက်မော့ကြည့်ကာ ထမင်းကိုသာ ငုံ့စားနေလေသည်။ကြည့်လုပ်ဟ မျက်နှာကြီးလည်း ထမင်းပန်းကန်ထဲကို ဝင်သွားဦးမယ်။
_
_
_
_
_
ဒေါ်စိုးသည် အမဲအူသုပ်ဖို့အတွက် ရှောက်ရွက်ကို ခြံထဲက ရှောက်ပင်မှာ လာခူးစဉ်....."ဟယ် ပျားတွေ "
ပျားအုံးကို မတွေ့ဘဲ အေးဆေးခူးနေစဉ် သွားဆွမိသလိုဖြစ်သွားတော့ ပျားတွေက တဝီဝီဖြင့် အုပ်လိုက်ကြီး ပြေးတက်လာတော့သည်...
"သမီးရေ ခင်ခင်လေး ပြေး....ပြေး ပျားတွေ "
မလှမ်းမကမ်းမှာ ခရေပန်းကောက်နေသော ခင်ခင်ဟာ ပြေးသွားသော အန်တီစိုးကို နားမလည်သလို ကြည့်နေမိစဉ်....
"အား......!! "
ခင်ခင်ရှေ့မှာ ဒိုင်းကာကြီးသဖွယ် လက်ဆန့်တန်းကာ ကာပေးလိုက်သော ကိုကြီးဆီကနေ အားကနဲ့
ဖြင့်အာခေါင်ခြစ်သံကြီးကြားလိုက်ရလေသည်....
@@@@@@@@@@@@@@@"နင့်မလည်း ပြေလေးရယ် ကလေးကို ပွေ့ချီဆွဲပြေးရင်တောင်လွတ်တဲ့ဟာကို ဘယ့်နှယ် ဒိုင်းကာကြီးလိုရှေ့ကနေ ကာရအောင် သားက သံမဏိလူသားလားပြော "
"နာနေပါတယ်ဆို တီကြီးရာ "
အဝတ်လွတ်တဲ့နေရာ လက် လည်ပင်း မျက်နှာတစ်ဝိုက် ချက်ချင်းရောင်ပြီးတက်လာတာက ပြေပြစ်ဂုဏ်ရောင်ဘယ်လောက်နာကျင်နေလဲခန့်မှန်းလို့ရသည်...
အန်တီီစိုးအော်လိုက်ချိန် ဟိုသောက်ကလေးက ကြောင်ပြီးရပ်ကြည့်နေတာကြောင့် သူလည်းအပြေးအလွှားယောင်ပြီး လုပ်မိလုပ်ရာလုပ်မိတာဖြစ်သည်.....

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ.......