Unicode
🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
🌾အပိုင်း(၃၈)🌾ဒီနေ့လဲ ကျော်မိုးသိန်း မူးအောင်သောက်ပြီးမှ အိမ်ကိုပြန်လာခဲ့တာဖြစ်သော်လည်း မှန်ကန်နေသောခြေလှမ်းများက သူထင်သလောက်မမူးနေကြောင်းပြသနေကာ အရာအားလုံးနှင့်တကွ နာကျင်မှုဟာလဲ ထင်ထင်ရှားရှား။၃ရက်မြောက်နေ့ထိ အိမ်ကမပြန်သေးသော သူမျက်နှာချင်းဆိုင်မတွေ့ချင်ပါသည့် မယဉ်ခတ်နွယ်က ဒီနေ့တော့ သူ့ကို အိမ်ရှေ့ထွက်စောင့်နေလေ၏။ဘယ်သူနှင့်မှ စကားပြောချင်စိတ်မရှိသဖြင့် ရှောင်ကွင်းသွားဖို့လုပ်လိုက်ခိုက်..
"မောင်လေး ကျော်မိုးသိန်း...”
မတတ်သာစွာ ကျော်မိုးသိန်း ကြည့်လိုက်တော့ ဆံနွယ်တွေကို ပင့်သပ်လိုက်သည့် မယဉ်ခတ်နွယ်က သူ့ကို စေ့စေ့စပ်စပ်ကြည့်လာပြီး..
“အသည်းကွဲနေတာဆို...”“ဘယ်သူကပြောလဲ...”
“အရီးလေးကပြောတာ...”
“ဪ...အဲ့တော့...”
“မငြင်းဘူးဆိုတော့ တကယ်အသည်းကွဲနေတာပဲ...ဘယ်အပျိုကြောင့်လဲ အစ်မကိုပြောပြလေ မင်း နည်းနည်းလောက် ရင်ပေါ့တာပေါ့..”
ငြိမ်းဝေကြောင့်ဆိုတာကို သူတခြားသူကို မပြောပြချင်ပေ။ထို့ကြောင့် ကျော်မိုးသိန်း တိတ်ဆိတ်နေလိုက်သည်။
“.......”
“မပြောပြချင်ဘူးလား..”
“အင်း....”
“မပြောပြချင်လဲ အတင်းမမေးပါဘူး..ဒါနဲ့ ဟိုညက ဗီဒီယိုသွားကြည့်တော့ မင်း ဘော်ဒါနှစ်ယောက်ကိုတွေ့တယ်..”
ထိုစကားကြောင့် ကျော်မိုးသိန်း အကြည့်တွေလှုပ်ရှားသွားသည်။
"သူတို့နဲ့ ပြဿနာတစ်ခုခုဖြစ်ထားတာလား...”
“အစ်မကို ကျုပ်ပြောပြဖို့ လိုလို့လား...”
ယဉ်ခတ်နွယ် ဒေါသထွက်သွားပြီး...
“ဟဲ့ ငါက နင့်ပုံစံကိုကြည့်ပြီး မမြင်ရက်လို့ မေးနေတာဟဲ့...ဘယ်သူနဲ့ဘာဖြစ်ထားလို့ သူတို့က အဲ့ကောင်နဲ့ဘော်ဒါမဟုတ်တော့ဘူးဆိုတဲ့အထိပြောရတာတုန်းဆိုတာ ငါလဲ သိချင်တာပေါ့...ငယ်ငယ်ကတည်းက နင်တို့တွေ ခွဲမရအောင်ထိ တပူးပူးတတွဲတွဲနေလာခဲ့တာ ဘယ်ကောင်ညှောင့်လို့ဖြစ်တာလဲဆိုတာ မမေးရတော့ဘူးလား...”

YOU ARE READING
စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)
General Fictionလှည်းချောင်းကူးသားလေး နှင့် လှတောသားစပ်ကြားလေးအကြောင်း