အပိုင်း(၃၇)

12.7K 750 133
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                      🌾အပိုင်း(၃၇)🌾

"အဖေ့ ဆိုင်ကယ်ကြီးက ဘယ်လောက်ပေးခဲ့ရတာလဲ...မိုက်တယ်နော် ရှယ်ပဲ လေးချက်ထိုးလား သုံးချက်ထိုးလား...”

"လေးချက်ထိုး သုံးသိန်းကွက်တိပဲ တစ်ပြားမှမလျော့ဘူး...”

ငြိမ်းဝေ ခေါင်းတညိတ်ညိတ်လုပ်ရင်း...
"ဈေးကြီးသားနော်...”

"ဈေးကြီးဆို ဂျပန်ဘီးလေကွာ တရုတ်ဘီးမှမဟုတ်ဘဲ ဒီလောက်တော့ ရှိမှာပေါ့ကွ...”

ငြိမ်းဝေ ခေါင်းညိတ်ထောက်ခံရင်း ဆိုင်ကယ်ကို ပတ်ပတ်လည်ပတ်ကြည့်နေလိုက်သည်။

"ကိုစိုးဝေ ကျုပ်ကို အရင်ဆိုင်ကယ်စီး‌သင်ပေးနော်...ဒါမှ နောက်ဆို လှတောနဲ့ဒီနဲ့ ဆိုင်ကယ်နဲ့သွားလို့ရမှာ...”

"ဒါပေါ့ ငြိမ်းကို အရင်အစီးသင်ပေးမှာ...စိတ်ချ...”

ငြိမ်းဝေ ပြုံးပြုံးကြီးပြောလိုက်သည့် အဖေ့ကိုကြည့်ကြီး အချွန်နဲ့ မချင်သွားကာ...
"အဖေ့ ကျုပ်ကို အရင်အစီးသင်ပေး...”

"မင်းကိုဘာကိစ္စ အရင်သင်ပေးရမှာလဲကွ..ဘာကျေးဇူးနဲ့လဲ...ငါ့ မိန်းမကို ငါအရင်သင်ပေးမှာပေါ့..”

"ဟာ ကျုပ်က အဖေ့သားလေ...”

"မင်းအမေက ငါ့မိန်းမလေ...”

"ကျုပ်ကြားဖူးတာတော့ သားသမီးကအဓိက မဟုတ်ဘူးလား...”

"ဟေ့ကောင် ဘယ်သူတွေဘာပြောပြော ငါ့မိန်းမက ငါ့အတွက် အဓိကပဲ ...”

ငြိမ်းဝေ မျက်နှာကိုမဲ့လိုက်ပြီး..
"အမေ့....”

"ဘာတုန်း...”

"အဖေ ကျုပ်ကို အနိုင်ကျင့်နေတယ်...”

"တော့်အဖေပြောတာ ဘာမှားလို့တုန်း..”

"ဟာ.......တော်ပြီဗျာ အမေတို့က နှစ်ယောက်ပေါင်းပြီး ကျုပ်ကို အနိုင်ကျင့်နေကြတာပဲ..ကျုပ်အိမ်ပေါ်ကဆင်းတော့မယ်..”

ငြိမ်းဝေ ဟန်ဆောင်ပန်ဆောင်ပြောလိုက်ပြီး အိမ်ထဲဝင်ဖို့ပြင်လိုက်ခိုက်...

"ကိုရင်ငြိမ်းဝေ..”

"ဗျာ...”

"အိမ်ပေါ်ကဆင်းမှာဆို...”

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now