Chapter 214 Villain's Father
December 25, 2023
Chapter 214ဤကိစ္စကို တိတ်တဆိတ်ထားခြင်းကသာ အကောင်းဆုံးဖြစ်၏။ သို့မဟုတ်ပါက ကလေးတစ်ယောက်က အမှန်တကယ် စိတ်ဝင်စားမှု မြင့်တက်ကာ သူတို့၏ စာလေ့လာခြင်းကို သက်ရောက်စေပါက အကျိုးဆက်မှာ တွေးမရနိုင်လောက်အောင်ပင်။
လင်းဖေး၏ အုပ်ထိန်းသူမှာ နာမည်ကြီးတစ်ယောက် ဖြစ်သည်ရော... လင်းဖေးက ပထမရသည်ရောက သူတို့ကလေးများအပေါ် ကောင်းမွန်သော သက်ရောက်ခြင်း မရှိနိုင်တော့ချေ။
သို့သော် ၄င်းက လင်းလော့ချင်းနှင့် လင်းဖေးကို စိုးရိမ်စေ၏။ ထိုကလေးမှာ အတန်းထဲတွင် အထူး ကောင်းမွန်နေဆဲဖြစ်သည်။ ထိုကလေးက မလိုအပ်သည်များနှင့် ကောင်းမွန်သော စံပြပုဂ္ဂိုလ်တစ်ဦးထားရှိကို မည်သည့်အခါမှ မတွေးချေ။
ထို့နောက် မိဘများက ဤကိစ္စကို သဘောတူညီကာ အိမ်တွင် ထိုကိစ္စကို ဝါဒဖြန့်တော့မည် မဟုတ်တော့ပေ။
လင်းလော့ချင်းသည်လည်း နောက်ဆုံးတွင် အုပ်စုဖွဲ့ စကားပြောခန်းထဲတွင် တစ်ခုထပြောလိုက်သည်။
[ကျေးဇူးပါ...]
[ရှင်က ယဉ်ကျေးလွန်းနေပါပြီ...]
[လင်းဖေး ဦးလေးက အထင်ကြီးစရာပဲ... ရှင်က တူလေးကိုလည်းကောင်းကောင်း သင်ပေးထားပြီး ကိုယ်တိုင်ကလည်း ကြယ်ပွင့်တစ်ယောက်ဖြစ်နေတာ...]
[ဟုတ်ပ... ရှင်က အောင်မြင်တဲ့ အလုပ်အကိုင်ရှိနေတာတင် မကဘူး ရှင့်ကလေးကပါ အပြုအမူကောင်းပြီး ပြဿနာမရှာတဲ့ အလားအလာရှိတဲ့ ကလေးတစ်ယောက်ဖြစ်နေတယ်...]
[လင်းဖေး ဦးလေးက အရမ်းငယ်နေတာ အံ့ဩစရာမရှိတော့ပါဘူး...]
[အဲ့ဒါပြောတာ... လင်းဖေးရဲ့ ဦးလေး... ရှင်က တကယ်ကို ဘဝမှာ အောင်နိုင်သူပဲ...]
[ကျွန်မ ရှင့်ကို အရမ်းမနာလိုတာပဲ လင်းဖေး ဦးလေး...]
လင်းလော့ချင်း၏ ဖုန်းမှာ စာတိုများပြည့်နှက်နေလေသည်။ သူက မှတ်ချက်များကို ကြည့်ရှုလိုက်ပြီး ထိုမိဘမျာက မည်သို့ စကားပြောရမည်ကို ကောင်းကောင်းသိသည်ကို တွေ့လိုက်ရ၏။

YOU ARE READING
(Book -2 )ငါက ဗီလိန်ရဲ့ ပါပါး
RomanceBook 1 ရှိပါတယ်နော် ဝင်ရှာကြည့်ပါရှင် Start - Chapter 196 Unicode Only Update - တစ်ပတ် ၃ပိုင်း Paid Gp - Completed ✅️