Chapter 212

868 153 1
                                    

Chapter 212 Villain's Father
December 25, 2023
Chapter 212

ကျိယွီရှောင်က ခေါင်းခါလိုက်သည်။

"ငါတော့ တခြားတစ်ခုကို ယုံတယ်... ငါ့အဖေက သည်းခံနိုင်မှာ မဟုတ်ဘူး... သူက တခြားသူတွေကို အလွယ်တကူ မယုံဘူး...  ရှောင်ယွီသာမရှိရင် ကျိမူက အခုဆို ရာထူးလက်ခံရပြီးတာ နှစ်ဝက်လောက်တောင်ရှိလောက်ပြီနေမှာ... ရှယ်ယာရှင်တွေအများကြီးက သူတို့ရဲ့ စိတ်ရင်းကောင်းကို ဖော်ပြဖို့ ဆက်သွယ်လာကြပြီးပြီ... သူက ကျိမူကို အများကြီး ထိန်းချုပ်နိုင်ဖို့ ခွင့်ပြုမှာ မဟုတ်လို့ မကြာခင်မှာကို စပြီး လုပ်ဆောင်ဖို့ လိုတယ်..."

ကျိယွီရှောင်က ရယ်လိုက်သည်။

"မကြာခင်မှာ သူစပြီး လှုပ်ရှားတော့မှာ... မင်းလည်း စောင့်ကြည့်နေတယ်မလား... ငါရောပဲ..."

ရှောင်လီက ကျိယွီရှောင်၏ မျက်နှာပေါ်မှ အပြုံးကိုကြည့်ကာ ပြန်လည်မတုံ့ပြန်နိုင်သည်ကို တွေ့လိုက်ရ၏။

ဘယ်သူက သူတို့မိဘကို ဒီလိုမျိုးတွေ့ချင်မှာလဲ... အထူးသဖြင့် သူတို့မိဘက သူတို့အစ်ကိုရဲ့ သေဆုံးမှုမှာ ပါဝင်နေရင်ပေါ့...

"သခင်လေး လင်းက မကြာခင် အိမ်ပြန်လာတော့မှာလား..."

ရှောင်လီက ကျိယွီရှောင်၏ မေးခွန်းကို မဖြေ၍ ထိုအစား သူက ခေါင်းစဉ်ပြောင်းလိုက်သည်။

လင်းလော့ချင်းအမည်ကိုကြားသည်နှင့် ကျိယွီရှောင်၏ အမူအရာသည်လည်း နူးညံ့သွားပေသည်။

"အင်း... သူပြောတာတော့ မနက်ဖြန် ပြန်လာမယ်တဲ့..."

"သူက မင်း အခုမတ်တပ်ရပ်နိုင်နေပြီ ဆိုတာကို သိရင် ပျော်နေမှာ အသေအချာပဲ..."

ရှောင်လီက အပြုံးတစ်ခုနှင့်ဆိုလိုက်သည်။

"ငါသူ့ကို မနက်ဖြန် အသိပေးလို့ ဘယ်ဖြစ်မလဲ..."

ကျိယွီရှောင်က နောက်ဆုံးတွင် စိတ်ရင်းဖြင့် အပြုံးတစ်ခုကို ပြသလာကာ ရယ်လိုက်သည်။

"ဒီစပရိုက်က သူ့မွေးနေ့အတွက် ချန်ထားရမှာလေ... သူပြန်လာရင် ငါအိမ်မှာ ပြန်လည်ထူထောင်ရေး လုပ်မလို့မရတော့တာပဲ.... သူသာဒါကိုမြင်ရင် စိတ်မကောင်း ဖြစ်နေတော့မှာ..."

(Book -2 )ငါက ဗီလိန်ရဲ့ ပါပါးWhere stories live. Discover now