Part _15

33.7K 1.4K 178
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 15

"ခင်ခင်ရွယ်ကိုး ဟိုမှာ အခန်းဝမှာ နင့်သူငယ်ချင်း ရပ်စောင့်နေတယ် "

ခင်ခင် လှည့်ကြည့်လိုက်တော့ နှင်းဆီ။စာအုပ်လေးကို ပိတ်ကာ လွယ်အိတ်ထဲထည့်ပြီး အခန်းဝကို လျှောက်လာရပေမယ့် ခင်ခင် အနည်းငယ်တော့ အံ့သြနေမိသည်။နှင်းဆီက ဒီလိုအချိန်တွေမှာ ခင်ခင်ကို တစ်ခါမှ လာမတွေ့ဖူးပါ။ဘာအကြောင်းများ ရှိလို့ပါလိမ့်။
နှင်းဆီအနားကို ရောက်တော့ .....

"ရော့ ပေါင်မုန့်နဲ့ ကော်ဖီ ...နင့်ကို တစ်ခါတစ်လေ လာကြိုလာပို့ပေးတဲ့လူ ပေးခိုင်းလိုက်တာ ...."

ခင်ခင်က ခေါင်းညိတ်လိုက်ပြီး...

"ကျေးဇူးပဲ နှင်းဆီ "

"အင်း ငါသွားတော့မယ် "

"နှင်းဆီ နင်အတန်းတက်ဖို့ နာရီဝက်လိုသေးတယ် မဟုတ်လား "

"အင်း"

"ပေါင်မုန့်က နှစ်ချပ်တောင် ငါမကုန်ဘူး အတူတူစားရအောင် "

နှင်းဆီက ခေါင်းခါဖို့ ကြံနေရုံရှိသေး.....

"ငါ့ဆီကလေ"

နွယ်နှင်းဆီသည် အင်မတန် မာနကြီးသောမိန်းကလေးဖြစ်သည်။တစ်စုံတစ်ယောက်ရဲ့ ပေးစာကမ်းစာ စားမိရင် အရမ်းအားနာရတာပဲလို့ တစ်ခါက ပြောဖူးသည်....

"နော် "

''အင်း"

နှစ်ယောက်သား အတန်းမတက်ရသေးခင် လူရှင်းသောနေရာမှာ ဝင်ထိုင်ပြီး မုန့်အတူတူ စားဖြစ်ကြသည်။

"နင့်အစ်ကိုက ပြောခိုင်းလိုက်သေးတယ် တီကြီး ပေးခိုင်းတာတဲ့ "

"အင်း ဟုတ်မှာပါ"

ခင်ခင်ရွယ်ကိုးက နွယ်နှင်းဆီ၏မျက်နှာကို ကြည့်ကာ ပြောသင့်မပြောသင့် စဉ်းစား ချင့်ချိန်နေရင်းက သက်ပြင်းရှိုက်ရင်း .....

"ပြီးတော့ သူက ငါ့အစ်ကို မဟုတ်ဘူး"

"ငါ့အမျိုးသား "

"ဟင်"

လုံးဝ ထင်မှတ်မထားတာကြီးကို ကြားလိုက်ရတော့ နွယ်နှင်းဆီသည် အလွန်ပင် အံ့သြသွားရလေသည်...

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now