Part _13

32.3K 1.4K 214
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 13

"အချစ်ဦးတော့ ရှိမှာပါကွာ ဟုတ်တယ်မလား "

"ရှိမနေဘူး "

ပြေပြစ်ဂုဏ်ရောင်မျက်နှာက မဲ့ရွဲ့သွားကာ....

"မင်း လူငယ်ဘဝကို ဘယ်လိုများကုန်ဆုံးခဲ့တာလဲ ရည်းစားမရှိ Crushမရှိနဲ့  ပျင်းစရာ ကောင်းလိုက်တာ "

".ရည်းစားထားရအောင် အားယားမနေဘူး"

"ဘာ"

"မင်းဘာစကား ပြောတာလဲ"

"ဗမာစကား"

"ဟာ.. ကျစ်... ငါမင်းကို အဲဒါမေးနေတာ မဟုတ်ဘူးလေ ရည်းစားထားဖို့ အားယားမနေဘူးဆိုတဲ့ဟာကို ပြောတာ"

"မဟုတ်လို့လား အဲဒါ အားယားတဲ့သူတွေအလုပ်"

"မင်းအရွယ်လေးနဲ့ မအားရအောင် မင်းက ဘာတွေများ လုပ်နေရလို့လဲ ကျောင်းသားက ဘာအလုပ်တွေ ရှိလို့လဲ"

"စာကျက် စာရေး အိမ်အလုပ်ကူ အပြင်စာဖတ်  လုပ်စရာတွေ များတယ်"

"အိမ်အလုပ်က ဘာလို့ကူရတာလဲ"

"ခင်ခင်တို့က သူဌေးမဟုတ်ဘူး နိုင်တာဝင်ကူရတယ်"

"ကလေးပဲ မကူရင် ဘာဖြစ်မှာမို့လဲ"

"ပေါ့ပေါ့နေ ပေါ့ပေါ့စား ခြေထောက်လေဝင်
အလေနတော"

"ဘာ ဘာပြောတယ် မင်း ငါ့ကို စောင်းပြောနေတာလား ခင်ခင်ရွယ်ကိုး"

"မပြောဘူး"

"ဒါဆို မင်းက ဘယ်သူ့ကို ပြောတာလဲ"

"ဘာမှ မလုပ်တဲ့ ငပျင်းတွေကို"

"ရွယ်ကိုး...မင်း မင်း"

သူ ဆောင့်အော်ပြီး လှည့်ကြည့်လိုက်ပေမယ့် ဟိုဟာလေးကတော့ မကြားတဲ့အတိုင်း ရုပ်ကလေးက ခပ်တည်တည်။ကိုယ်ကသာ ဒင်းကို စိတ်မဝင်စားတာမဟုတ် ဒင်းကလေးကလည်း ကိုယ့်ကို အာရုံထဲမှာတောင် ရှိပုံမရ။သူမေးလို့သာ မကောင်းတတ်လို့ ဖြေနေတဲ့ပုံမျိုး။

ဘေးမှာ လူတစ်ယောက် ရှိနေသေးပါလားရယ်လို့ ဒီဘက်ကို တစ်ချက်ကလေးတောင် အဖက်မလုပ်
လှည့်မကြည့်ဘဲ ရှေ့ကိုသာ မမှိတ်မသုန် ကြည့်နေတဲ့ဟာလေးကို ကြည့်ရင်း ပြေပြစ် စိတ်တိုလာရတော့သည်။

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now