Part _ 12

38.3K 1.4K 231
                                        


🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 12

"မင်း....မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တယ် ရွယ်ကိုး "

"ပြောစရာရှိတယ် "

ပြောစရာရှိတယ်ဟုဆိုကာ မျက်နှာလေးက မော်ချီသွားပြီး....

"ခင်ခင်ကလည်း Juicy အဖေကို ချစ်မနေဘူး "

"ဘာ"

"ခင်ခင်က တစ်ခါမှ မမြင်ဖူးတဲ့သူနဲ့ယူဖို့ မွေးကတည်းက စီစဉ်ထားတာခံရပြီး
ငြင်းခွင့်မရှိတဲ့ဘဝပါ "

" ကြိုက်လည်းယူ မကြိုက်လည်းယူရမှာ အခု ဖြစ်သွားတာလည်း ခင်ခင့်ပယောဂ မပါဘူးလေ"

"ဟ ငါလည်း မူးနေလို့လေ"

"ခင်ခင်က နေမကောင်းလို့ ဆေးသောက်ပြီး အိပ်နေလို့ အခုလိုဖြစ်ရတာ"

"ဟ ငါတို့က ဘာမှ မဖြစ်လိုက်ဘူးလေ အခန်းမှားအိပ်ရုံပဲ"

"ဦးပြေပြစ်ဂုဏ်ရောင်"

"ဟာ"

ဒီဟာလေးနဲ့ သူ စကားတွေအများကြီး ပြောဖြစ်တာ ဒီတစ်ခါ ပထဆုံးဖြစ်သည်။ဒါပေမယ့် အကောင်းတော့မဟုတ် စကားများနေကြတာ။ပြောနေကြရင်း ရေခဲတုံးလေးက မျက်လုံးပြူးလေးနဲ့ အာခေါင်ခြစ်ပြီး သူ့နာမည်ကို အော်ခေါ်လိုက်တာမို့ ပြေပြစ် အံ့ဩသွားရသည်။ဒင်းကလေးကလည်း စိတ်တိုတတ်သားပဲဟ။

သူမလေးလုပ်နေကျ ပုံအတိုင်း မေးဆတ်ပြလိုက်ရင်း

"ဘာလဲ"

"ဘာမှ မဖြစ်လည်း  လူအမြင်မှာ မသင့်တော်တော့ဘူးလေ ရှင်က ယောက်ျားလေးမို့ နေသာမလား မသိပေမယ့် ခင်ခင်က မိန်းကလေး"

"အဲဒီတော့....."

"ခင်ခင်သာ နေကောင်းရင် အခန်းထဲကို ခြေချခွင့်တောင် ရမှာ မဟုတ်ဘူး သူ့ဟာသူ ဝင်လာပြီး ပြဿနာရှာနေတယ်"

"ဟာ ရွယ်ကိုး ရွယ်ကိုး ကျစ်"

ထူးထူးခြားခြား စကားတွေ အများကြီး ပြောပြီး စကားဆုံးတာနဲ့ ချာခနဲ လှည့်ပြေးသွားတာမို့ သူဘာမှ ပြောချိန် မရလိုက်တော့။အနားက ဒါန်းကလေးမှာ ဝင်ထိုင်လိုက်ရင်း ဆံပင်တွေကို စိတ်ပျက်လက်ပျက် ထိုးဖွနေမိတော့သည်။

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now