Part _ 11

36K 1.4K 257
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 11

"ခင်ခင်လေးက အခုထိ မနိုးသေးဘူးလား မြရေ "

ဒီနေ့မနက် ၈နာရီတောင် ထိုးနေပြီဖြစ်ကာ အရင်က အစောဆုံး ထနေကျကောင်မလေးကို အခုထိ မတွေ့ရသေး။အန်တီမာ မေးလာတော့ မှ ဒေါ်မြကျောက်လည်း  သတိထားမိလေတော့သည်....

"ဟယ် ဟုတ်သားပဲ ကလေးက အခုချိန်ထိ ဆင်းမလာသေးဘူး နေ့တိုင်း သူပဲ အစောဆုံးထတာ အန်တီရဲ့ မနေ့ကတော့ ခေါင်းကိုက်တယ်ပြောပြီး ကျွန်မဆီမှာ ဆေးလာတောင်းသေးတယ် စာကြည့်တာ ဒီရက်ပိုင်း နောက်ကျတယ်ထင်တယ် ကလေးက သိပ်မလန်းဘူး "

"ကွယ် မြေးလေး နေများ မကောင်းဘူးလားမသိပါဘူး အန်တီ တက်ကြည့်လိုက်ဦးမယ် "

"ဟုတ်မလား မသိဘူး အန်တီ ကလေးက တစ်ခါမှ
ဒီလို နောက်မကျဖူးဘူး "

ဒေါ်မြကျောက်ကလည်း စိုးရိမ်စိတ်ဖြင့်
ဒေါ်တင်မာနွယ် အနောက်ကနေ ထပ်ကြပ်မကွာ လိုက်လာခဲ့သည်....

ကိုယ့်မြေးမလေးအခန်း ဖြစ်တဲ့အပြင် ဒေါ်တင်မာနွယ်တစ်ယောက် စိုးရိမ်စိတ်တွေ များနေတော့ တံခါးမခေါက်မိဘဲ အခန်းတံခါးကို ဖွင့်လိုက်မိသောအခါ...

"ဟင်"

"ဟယ်"

ဒေါ်တင်မာနွယ်အနောက်က ဒေါ်မြကျောက်သည်လည်း ကုတင်ထက်က မြင်ကွင်းကိုကြည့်ကာ ပါးစပ်အဟောင်းသား  ဖြစ်သွားရတော့သည်....

စောင်က နှစ်ယောက်သား၏ခန္ဓာကိုယ်တစ်ဝက်လောက်ကို ဖုံးအုပ်ထားကာ
တူဖြစ်သူ ပြေပြစ်ဂုဏ်ရောင်သည် အပေါ်ပိုင်းတွင် အဝတ်အစားမရှိ ဗလာကျင်းသော ခန္ဓာကိုယ်ဖြင့် အိပ်ပျော်နေလေသည်...

ခင်ခင်လေးကို ရင်ခွင်ထဲမှာ ထည့်ကာ ကျစ်နေအောင် ဖက်ထားပြီး ခင်ခင်ရွယ်ကိုးကလည်း တုတ်တုတ်မျှ မလှုပ်ဘဲ ကွေးကွေးလေး အိပ်ပျော်နေလေသည်....

"ခင်ခင်ရွယ်ကိုး......"

အန်တီမာရဲ့အသံကြီးက ကျယ်လောင်စူးရှစွာ ထွက်ပေါ်လာတာကြောင့် ဒေါ်မြကျောက်ပင် ခန္ဓာကိုယ်လေး တုန်သွားရတော့သည်။သို့ပေမယ့် ကုတင်ထက်က နှစ်ယောက်ကတော့ တစ်စက်ကလေးမှတောင် လှုပ်မလာခဲ့ပါ....

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now