(9)

389 77 0
                                    

(9)

နေ့လည် နှစ်နာရီ၊ ပြင်ပအပူချိန်- ၃၈.၅။

ကျင်းရန်နှင့် လူတစ်စုမှာ တွန်းလှည်းကို လက်ဖြင့် တွန်း၍  ပူပြင်းသော နေရောင်အောက်တွင် ဖြည်းညင်းစွာ လှုပ်ရှားသွားနေခဲ့ကြသည်။ ကူလီအဖြစ်လုပ်ဆောင်မည့် ကောင်လေးများအပြင် ကောင်မလေးအနည်းငယ်လည်း ဘေးနားတွင်ပါဝင်သေးသည်။
   
အတိုင်ပင်ခံ၏ အဆိုအရ ယောက်ျားလေးများသက်သက်ဆိုပါက ငယ်ရွယ်သော ကျောင်းသားများအတွက် ဝမ်းနည်းကြေကွဲသွားစေလိမ့်မည်ဖြစ်ပြီး ထိုငယ်ရွယ်သော ကျောင်းသားများကို ထောက်ထားစာနာသောအားဖြင့် မိန်းကလေးများသည်လည်း ဤတာဝန်တွင် ပါဝင်ဖို့ ဖြစ်လာခဲ့ကြသည်။

မိန်းကလေးများကတော့ သူတို့နှင့်မတူညီစွာနှင့် အထူးတလည်ကောင်းမွန်စွာ ဝတ်ဆင်လာခဲ့ကြသည်။ သူတို့က ထီးများကို ကိုင်ဆောင်ထားခဲ့ကြပြီး လန်းဆန်းစေမည့် စကတ်တိုကိုဝတ်ဆင်ကာ မိတ်ကပ်ခပ်ပါးပါးကို လိမ်းခြယ်ထားပြီး သူတို့၏ ဆံပင်များမှလည်း မွှေးပျံ့သည့်ရနံ့များကို ရရှိနေခဲ့သည်။

ရှန်ကျစ်ရှောင်းက အလွန် အားကျနေခဲ့ပြီး ကျင်းရန်ဘက်ကို လှည့်ပြောလာချေသည်။

"ထန်ထန်က အတော်လေးလှတာပဲ"

ကျင်းရန်မှာ နေရောင်နှင့် ထိတွေ့ခံနေရပြီး ပေါက်ကွဲလုနီးပါးဖြစ်နေကာ စကားပြောချင်စိတ်မရှိတော့ဘဲ လေသံနှင့်သာ တုံ့ပြန်ခဲ့သည်။

"အမ်"

ထိုအခိုက်တွင် သူ့၏ ဦးခေါင်းထက်မှနေရောင်မှာ ရုတ်တရက်အနည်းငယ်အားလျော့သွားခဲ့ရပြီး ကျင်းရန်တစ်ယောက် ပန်းရနံ့တချို့ကို အနံ့ရရှိခဲ့သည်။ ထန်ထန်က သူ့၏ ဘေးနားသို့ အပြုံးတစ်ခုဖြင့် လျှောက်လာခဲ့ကာ သူမကိုင်ထားသည့် ထီးကို ကျင်းရန်ဆီသို့ အုပ်မိုးပေးလာခဲ့ခြင်းပင်။

ကျင်းရန် အလျှင်အမြန် ပြောလိုက်မိသည်။

"ငါက နေပူတာကို မကြောက်ဘူး၊ မင်း ကိုယ့်ဘာသာကိုယ် ဆောင်းထားသင့်တယ်"

ထန်ထန်က ရှက်ရွံ့စွာ ပြုံးလိုက်ပြီး ပြောလာသည်။

"ကိစ္စမရှိပါဘူး၊ ဘာပဲဖြစ်ဖြစ် ထီးကိုကိုင်ထားရမှာပဲလေ၊ လူတစ်ယောက်နှင့် လူနှစ်ယောက်ကြားက ကွာခြားမှု မရှိဘူး"

ကျောင်းမြက်လေးနှင့် လက်ထပ်ပြီးနောက်..Where stories live. Discover now