🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 10"ကိုကြီးအတွက်"
"ဟင်"
ဟိုဟာလေးက ပြောပြီးတာနဲ့ ချာခနဲ လှည့်ထွက်သွားပြီး သူ့မျက်စိအောက်က ပျောက်သွားပေမယ့် သူ့ရင်တွေ တုန်ခုန်နေပြီး နားတွေပါ အူသွားတာက တော်တော်နဲ့ မပျောက်နိုင်။
"ဘာလဲ ဘာကိုကြီးလဲ အဟာ..အဟိဟိ ငါ ငါက အဲလောက်လည်း မကြီးသေးပါဘူး ကျစ်..ဘာကောင်မလေးမှန်းကို မသိဘူး အဟေး မျက််မှန်ကြီးတပ်ပြီး သေချာလည်း မမြင်ရဘူး ထင်ပါတယ်"
ပါးစပ်က ပွစိပွစိ ပြောရင်း ရင်ဘတ်ကို ဖိကာ တရွေ့ရွေ့ လျှောက်လာတော့ မှန်ရှေ့တည့်တည့်ကို ရောက်လာလေသည်။မှန်ထဲမှာ သူမြင်နေရတာက ရင်ဘတ်ကို ဖိထားတဲ့ သောက်ရူးတစ်ယောက်။ရုပ်က ရယ်တာလိုလို တည်မှာလိုလိုနဲ့ အတော်ဖရိုဖရဲ ဖြစ်နေတာက အမြင်ကတ်စရာကြီး ....
သူအလန့်တကြားနဲ့ ရင်ဘတ်ကို ဖိထားတဲ့လက်ကို ဖယ်ချလိုက်သည်။ဘာလဲ ဒါက ဘာဖြစ်တာတဲ့လဲ ရင်ခုန်တာလား မဟုတ်လောက်ပါဘူး ဒါဆို ရင်တုန်တာဖြစ်နိုင်တယ် နိုးနိုးနိုး ပိုတောင် ဝေးသေး ...
မဟုတ်ဘူး မဟုတ်ဘူး ဘာမှ မဟုတ်ဘူး
ဟိုတောသူမလေးက ငါနဲ့ လိုက်ဖက်တဲ့ သင့်တော်တဲ့ ဘယ်လိုနာမ်စားကို သုံးရမယ်မှန်းမသိဘဲ အရူးချီးပန်း လျှောက်ခေါ်တော့ ငါက အံ့ဩသွားတာ ဟုတ်တယ်ဟ... ငါ အရမ်းအံ့ဩနေတာ
ဟား ချွေးတောင် ပြန်တယ်...."မင်းဘိုးအေကို ကိုကြီးလား မသကာ ကိုကိုလောက်ဆို တော်သေး အဲ အဟမ်း အဟမ်း အဟွတ်"
"ဪ ကဲ ဒီလောက်တောင် ရှိလှတာ.."
"ဘုတ် ....အ"
ခုန်ရင်ခုန် မခုန်ရင် ချောင်းတွေဆိုးချင်နေတဲ့ သောက်ရင်ဘတ်ကြီးကို ကိုယ့်ဟာကိုယ် အမြင်ကတ်ကတ်နဲ့ ထုချတာ လက်ဆ တော်တော် ပြင်းသွားတာမို့ အီဆိမ့်သွားရသည်။စိတ်ထဲမှာ မရှင်းမရှင်းနဲ့ နေလို့ အဆင်မပြေတာမို့ အိပ်ရာပေါ်မှာ လှဲချပြီး ခွေနေမိသည်။
အတန်ကြာတော့ ပက်လက်လှန်ပြီး မျက်နှာကြက်ကို မော့ကြည့်ကြည့်မိတော့.....

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ.......