🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 9"စကားမပြောတတ်ဘူးလား အ နေတာလား ဝေ့"
"အာ ဒီခွေးမသား"
"ခွပ်"
"အား"
ရွယ်ကိုးကို ဝိုင်းပြီး စနေကြတဲ့ကောင်တွေကြားထဲကို ပြေပြစ် ဘယ်လိုနည်းနဲ့ ရောက်သွားမှန်းတောင် မသိတော့ဘဲ သူနဲ့ အနီးဆုံးကကောင်ရဲ့ မျက်နှာကို အားကုန် ထိုးချပစ်လိုက်တော့သည်။
ကောင်စုတ်က ခပ်ပိန်ပိန် ဖြစ်တဲ့အပြင် မထင်ထားဘဲ ရုတ်တရက်ကြီး အထိုးခံလိုက်ရတော့ လမ်းပေါ်မှာ ခွေကနဲနေအောင် ပစ်လဲကျသွားလေသည်။
"ဟာ မင်း ဘာလုပ်တာလဲ"
"အေး ထိုးတာကွ"
"ခွပ်"
"ခွပ်"
"မင်းတို့လိုဟာတွေကများ ငါ့ဟာလေးကို ပါးစပ်သရမ်းရဲရတယ်လို့"
"သေစမ်း"
"ဖြောင်း"
"အား"
ခွေလဲသွားတဲ့ကောင်က ထလာပေမယ့် သူတို့ ထိုးကြိတ်နေကြတာကိုကြည့်ပြီး အနားတောင် မကပ်ရဲတော့ဘဲ ဘေးကို ကပ်နေလေသည်။နှစ်ယောက်တစ်ယောက်ကတော့ သူ့အတွက် အညောင်းပြေမို့ ဒေါသထွက်နေသမျှ စိတ်ရှိလက်ရှိ ထိုးနေမိတော့ သကောင့်သား သုံးကောင်က ပြေးတာများ တန်းနေလေသည်။
"အေး နောက်ဆို လူကြည့်ပြီးမှ စ ကွ နောက်တစ်ခါ အသေပဲ"
သူတို့ ဖြစ်နေကြတဲ့နေရာက လူရှင်းတဲ့ ဘုန်းကြီးကျောင်း အုတ်တံတိုင်းရှေ့မှာ ဖြစ်ကာ မျက်နှာချင်းဆိုင်မှာကလည်း စာသင်ကျောင်း ဖြစ်နေတော့ သူတို့ ဖြစ်နေတာကို လူတွေ သိပ်မသိလိုက်ကြ....
"ဘာဖြစ်သွားသေးလဲ"
"ဟင့်အင်း"
"နောက်ဆို အပြင်ကို တစ်ယောက်တည်း မထွက်နဲ့လေ"
"ဟုတ်ရှင့်"
"ဟားဟားဟား"
"ခွိခွိခွီ ဖရူး"
ဟိုနှစ်ကောင်ဆီက ရယ်သံတွေကြားလို့ မျက်ထောက်နီနဲ့ သူလှည့်ကြည့်လိုက်တော့ ပါးရိုက်ပစ်ချင်စရာ မျက်နှာပေးနဲ့ မျက်နှာပိုးတွေက မသေ။

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025