အပိုင်း(၃၄)

12.9K 651 93
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၃၄)🌾

အခုတလော ရွာထဲတော့ ‌နာမည်ကြီးနေသည့် သုံးလုံးဂဏန်းတစ်ခုရှိသည်။ဘယ်လောက်ထိ နာမည်ကြီးနေလဲဆိုတာ ကလေးတွေကအစ သုံးလုံးထိုးမယ်ဆိုပြီး အော်ဟစ်နေကြတာဖြစ်ပြီး သူတို့မိဘတွေကို သူတို့အတွက်ပါ ထိုးပေးပါဟု ပြောနေကြသည်။

ဖြစ်ပုံက ဒီလို။‌ကံရင်း(ဂွေးရင်း)ဘက်ကလာတဲ့ အရူးတစ်ယောက်ရှိသည်။ထိုအရူးက အမြဲလိုလို သီချင်းတွေ အော်ဆိုနေတတ်ပေမယ့် ဒီတစ်ခေါက် သီချင်းအော်မဆိုဘဲ ဂဏန်းသုံးလုံးကိုပဲ ထပ်ကာ ထပ်ကာ ရေရွတ်နေတာမို့ အရူးစကား မပယ်ရှားဆိုသည့်အတိုင်း တစ်ရွာလုံးက လိုက်ထိုးဖို့ တာစူနေကြတာဖြစ်သည်။

သူအော်တဲ့ဂဏန်းက 967ဖြစ်ပြီး ထိုသုံးလုံးထဲကို ထပ်ကာထပ်ကာအော်နေသဖြင့် ငြိမ်းဝေလို လောင်းကစားလုပ်ရတာ စိတ်မဝင်စားသောသူတောင် ထိုးချင်လာရသည်အထိ။အော်တာကလည်း ချဲမထွက်ခင် သုံးရက်အလိုမှာဆိုတော့ ဂဏန်းပိတ်သွားတာပဲဖြစ်ဖြစ် မရလိုက်မှာဆိုးသည့် လူတစ်ချို့ကတော့ မြို့ထိတက်ပြီး ထိုးကြသည်။

ပုံမှန်ဆို မလဲသာအထိ လာရောင်းတဲ့သူရှိပြီး ထိုလူ့စီကပဲ ထိုးဝာာများသော်လည်း မရလိုက်မှာစိုးသည့်လူတွေက မစောင့်နိုင်ကြတော့သဖြင့် မြို့တက်ထိုးကြခြင်းပင်။ငြိမ်းဝေကတော့ စိုးလင်းမောင်နှင့် တစ်ယောက် ၅၀၀ဖိုးစီ စောစောစီးစီး စပ်ထိုးထားပြီးပြီပင်။ထို့ကြောင့် သူများတွေထိုးတာကိုလိုက်ကြည့်ပြီး လှောင်နေတာပင်။

ထို့အထဲ အဆိုးဆုံးကတော့ ရွာသူကြီးပင်။သူကြီးက အများကြီးထိုးထားသည်ဟု ငြိမ်းဝေတို့ကြားထားသောကြောင့် ထပ်မထိုးလောက်တော့ဘူးဟူ၍ထင်ထားကြသည် ။သို့သော် ထွက်မည့်မနက်ခင်းမှ အဲ့ဂဏန်းထွက်နေရင် ပေါက်ကြေးနည်းနေမှာစိုးလို့ဆိုပြီး ထော်လာဂျီအပြတ်ငှားကာ ငြိမ်းဝေကို ပေါ်တာဆွဲသွားလေတော့၏။ငြိမ်းဝေမှာတော့ ဘုမသိဘမသိ အိပ်ချင်မူးတူးဖြင့် မလဲသာအထိသူကြီးနှင့် ပါလာခဲ့ရသည်။

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now