Chapter 209 Villain's father
December 14, 2023
Chapter 209ထောင်လီပုရရန်' သည် ရေပန်းစားလာခဲ့ပြီး သရုပ်ဆောင်အားလုံးနီးပါးက ၎င်း၏ကျော်ကြားမှုကို စုပ်ယူရန် အခွင့်ကောင်းယူခဲ့ကြသည်။သို့ပေမဲ့ ထုတ်လုပ်သူ၏ မျှော်လင့်ချက်ထက်ကျော်လွန်နေသည်က အဓိကဇာတ်လိုက်နှစ်ယောက်ဖြစ်သော လီဟန်ဟိုင်နှင့် ယောင်မော့မော့တို့အပြင် ပရိသတ်တွေ၏ အဆွဲဆောင်နိုင်ဆုံးဖြစ်သည့်သူက သူမျှော်လင့်ထားသလို ဒုတိယအမျိုးသားဇာတ်ဆောင် ကျန်းချွမ်မဟုတ်ခဲ့ပေ။ တကယ်တမ်းမှာ လင်းလော့ချင်းဖြစ်နေသည်။ထို့အပြင် သူ့မှာ အစတုန်းက ပရိသတ်ပမာဏအနည်းငယ်ပဲရှိ၍ဖြစ်မည်၊ပရိတ်သတ် တိုးပွားနှုန်းက မြန်ဆန်လွန်းလှသည်။သူ၏ ပရိသတ်တွေကို ဆွဲဆောင်နိုင်သည့်စွမ်းရည်က အမျိုးသားဇာတ်လိုက် လီဟန်ဟိုင် နားကိုကပ်နေသည်။
လင်းလော့ချင်းလည်း အံ့သြသွားသည်။ ထို့ကြောင့် သူ အကြောင်းရင်းကို နားလည်ရန် အင်တာနက်ဖိုရမ်သို့ သွားခဲ့သည်။
ပွင့်ပွင့်လင်းလင်းပြောရလျှင် အကြောင်းရင်းတစ်ခုက သူ့မျက်နှာကြောင့်ဖြစ်ပြီး နောက်တစ်ခုက သူ့ဇာတ်ကောင်မန်ဟွားက တကယ်ကို လိုက်ဖက်လွန်းပြီး နှစ်လိုဖွယ်ကောင်းသောကြောင့်ဖြစ်သည်။
မန်ထောင်၏မောင်ဖြစ်သူ မန်ဟွားက မန်ထောင်နှင့် မိသားစုဆက်ဆံရေးရှိခဲ့သည်။ သူက မောင်လေးဖြစ်နိုင်သလို ချောမောပြီး ရန်လည်းဖြစ်တတ်လေသည်။သူက မုန့်ထောင်ကိုပင် ပို၍ အကာအကွယ်ပေးတတ်ကာ အစ်ကိုကြီးနှင့်ပို၍တူသည်။ထို့ကြောင့် ကျဲကျဲဖန်တွေက သူ့ကို သဘောကျကြပြီး မားမားဖန်တွေက သူ့ကို ချစ်ဖို့ကောင်းသည်ဟု ထင်ကြသည်။
တစ်ချိန်တည်းမှာပင်၊ မန်ထောင်အပြင် သူ့တွင် အဓိက CP နှင့် လွတ်ကင်းသော စိတ်ခံစားမှုဆိုင်ရာဇာတ်ကြောင်းတစ်ခုလည်း ရှိသည်။ ဤစိတ်ခံစားမှု ဇာတ်ကွက်သည် ကြီးကြီးမားမားမဟုတ်သော်လည်း အလွန်စိတ်ဝင်စားစရာကောင်းသည်။ယင်းက ရည်းစားကောင်လေးအနေနှင့်ရှိချိန်မှာ မန်ထောင်၏ ကောင်းမွန်သည့် အငွေ့အသက်တွေနှင့်သူ့ကိုယ်ပိုင် ဆွဲဆောင်မှုကို ထင်ဟပ်စေလေသည်။ ၎င်းသည် သူ့အား ကောင်မလေးဖန်နှင့် CPဖန်တစ်သိုက် ရယူနိုင်စေခဲ့သည်။

YOU ARE READING
(Book -2 )ငါက ဗီလိန်ရဲ့ ပါပါး
RomanceBook 1 ရှိပါတယ်နော် ဝင်ရှာကြည့်ပါရှင် Start - Chapter 196 Unicode Only Update - တစ်ပတ် ၃ပိုင်း Paid Gp - Completed ✅️