Chapter 208

893 154 1
                                    

Chapter 208 Villain's father
December 14, 2023
Chapter 208

"အင်း"

လင်းဖေး၏အမူအရာမှာ ရှူတည်တည်နှင့်ဖြစ်သည်။မသိလျှင် လင်းလော့ချင်းအား နှုတ်ဆက်ရန် အထူးတလည် ထွက်လာသည်ဟု ဘယ်သူမှပြောနိုင်မှာမဟုတ်ပေ။

"ဒါဆို ပါးပါးသွား​တော့မယ်"

"အင်း"

လင်းလော့ချင်း သူ့မျက်နှာကို မသွားချင်သွားချင်ဖြင့် ညစ်လိုက်သည်။ ထို့နောက် သူကျိယွီရှောင်၏ နံဘေးသို့ တစ်ဖန် လျှောက်သွားကာ ဘီးတပ်ကုလားထိုင်ကို တွန်းထုတ်ကာ ထွက်လာခဲ့သည်။

လင်းဖေးက တံခါးပိတ်သွားသည်အထိကြည့်နေပြီးမှ ဖြည်းညှင်းစွာ သူ့အခန်းကို ပြန်လာခဲ့သည်။ မတ်လ ၂၅ ရက်မရောက်ခင် ၁၄ ရက်လိုသေးသည်။လင်းလော့ချင်းကို ဘာလက်ဆောင်ပေးရမလဲ သူစဉ်းစားရမည်။

ရှားစောင်းပင်နှင့် အိုးပေး၍မရတော့ပေ။သူ့မှာ တစ်ခုရှိပြီးသားဖြစ်သည်။

မှတ်စုစာအုပ်တစ်အုပ်လည်း မဖြစ်နိုင်​ပေ။သူကစာမေးပွဲမဖြေရသေးသဖြင့် သူ့ကိုယ်ပိုင် ဒုတိယမြောက် မှတ်စုစာအုပ် မရသေးပေ။

ဒါဆို သူဘာပေးရမလဲ...

လင်းဖေးက စာ​ရေးခုံအဖြစ် ယာယီအသုံးပြုထားသည့် စားပွဲရှေ့တွင် ထိုင်ကာ လေးလေးနက်နက် တွေးတောလိုက်သည်။

ကျိယွီရှောင်၊လင်းဖေးနှင့် ကျိလဲ့ယွီတို့သည် လင်းလော့ချင်းကို နှစ်ရက်ကြာအဖော်ပြုပေးပြီးမှ ပြန်သွားခဲ့ကြ၏။

ကျိလဲ့ယွီက ပြန်မသွားချင်ဖြစ်နေသည်။ဖြစ်နိုင်လျှင် ကျောင်းတက်မည့်အစား သူ့ပါးပါးနှင့် အလုပ်အတူတူလုပ်ရန်ပဲ ရွေးချယ်မှာဖြစ်သည်။

သို့သော် သူ့ပါးပါးက သေချာပေါက် ထိုသို့မထင်ခဲ့။

"စားကြိုးစား...လာမဲ့စာမေးပွဲအတွက် ထိပ်ဆုံးငါးယောက်ထဲ ဝင်အောင်လုပ်နော်~"

ကျိလဲ့ယွီ:'... သားပင်ပန်းနေပြီ...အကုန်လုံးကိုပဲ မေ့သွားလိုက်ချင်​တော့တယ်'

ကျိယွီရှောင်က သူ၏ ညှိုးငယ်သော မျက်နှာလေးကို မြင်ပြီး အကြာကြီး သဘောတကျ ပြုံးနေသည်။လင်းဖေးကပဲ သူ့ကိုအထင်အမြင်သေးစွာကြည့်လေ၏။ဘုရားရေ... သူက ထိပ်ဆုံးငါးယောက်ထဲကိုတောင် မဝင်နိုင်ဘူးလား... သူ့မှာ ဒီလို ခပ်တုံးတုံးညီလေး ဘယ်လိုလုပ် ရှိ​နေရတာလဲ...

(Book -2 )ငါက ဗီလိန်ရဲ့ ပါပါးWhere stories live. Discover now