Chapter 207

878 152 0
                                    

Chapter 207 Villain's father
December 14, 2023
Chapter 207

လင်းလော့ချင်း သူ၏ အနေရခက်နေသော ပုံစံလေးကို မြင်ပြီး သဘောတကျ ရယ်လိုက်သည်။သူက လင်း​ဖေးကို အနောက်ကနေ လှမ်းဆွဲပြီး တမင်တကာ စလိုက်သည်။

"မင်း မပျော်ဘူးလား...နောက်ဆုံးမှာ မင်းကိုတွေ့ခွင့်ရလို့ ငါအရမ်းပျော်နေတာ... ဒါပေမဲ့ မင်းကငါ့ကိုမတွေ့ချင်ဘူးလား"

လင်းဖေး:"……"

လင်းလော့ချင်းက မျက်မှောင်ကြုတ်ကာ ဝမ်းနည်းစွာ ကြည့်နေသည်။

လင်းဖေး:"……"

လင်းဖေး "ပျော်ပါတယ်" ဟူ ပြန်ဖြေလိုက်ရသည်။

"တကယ်လား"

လင်းဖေးက ခေါင်းညိတ်​ပြသည်။

"ဒါဆို ဖေးဖေးပြုံးပြ"

လင်းဖေး: "……"

"ကောင်းပြီ...​ဖေး​ဖေး မပြုံးချင်ရင် ပြုံးစရာ မလိုဘူး...ပါးပါးပဲ ပြုံးလိုက်မယ်နော်"

ထိုသို့ပြောပြီးနောက် လင်းလော့ချင်းက ရယ်မောလိုက်သည်။

လင်းဖေး  ၎င်းကိုမြင်ပြီး အကြောင်းတစ်ခုခုကြောင့် လင်းလော့ချင်းက ​​အနည်းငယ်ချစ်စရာကောင်းသည်ဟု သူခံစားရသည်။သူ၏တောင့်တင်း နှုတ်ခမ်းထောင့်များပင် ပင့်တက်မိလုမတတ်ပင်။

ခဏကြာသောအခါ သူ တစ်ခုခုကို သဘောပေါက်သွားပြီး 'ဟမ့်' ဆိုသည့် အသံလေးတစ်ခု ထွက်လာသည်။ သူ့နှုတ်ခမ်းထောင့်များကို ဖြောင့်တန်းစွာ ဆန့်ထုတ်ရင်း ဘာကိုမှဂရုမစိုက်သောမျက်နှာထားလေးကို သူ ဆက်လက်ထိန်းသိမ်းထားလိုက်သည်။

လင်းလော့ချင်း လင်းဖေးက ချစ်စရာကောင်းသည်ဟု တွေးလိုက်မိသည်။ လင်းဖေး၏နဖူးလေးကို ပွတ်ကာ သူ့ကို ချီပြီးအပြင်ထုတ်လာလိုက်သည်။

မိသားစုလေးယောက်က ဆိုဖာပေါ်တွင် အတူထိုင်ကြသည်။လင်းလော့ချင်း ကလေးနှစ်ယောက်ကို ဘာစားချင်လဲဟု မေးလိုက်သည်။သူတို့အတွက် အရင်မှာယူပြီးမှ သူနှင့် ကျိယွီရှောင်အတွက် ဟင်းပွဲများ မှာယူခဲ့သည်။

ကျိလဲ့ယွီက အမြဲတစေ တွယ်ကပ်တတ်ပြီး တက်ကြွသူဖြစ်သည်။ သူက လင်းလော့ချင်းကို မတွေ့ရသည်မှာ ကြာပြီဖြစ်သဖြင့် စကားတွေ အများကြီး ပြောဖြစ်ခဲ့​လေသည်။

(Book -2 )ငါက ဗီလိန်ရဲ့ ပါပါးWhere stories live. Discover now