Chapter 206 Villain's father
December 14, 2023
Chapter 206လင်းလောချင်း ဝမ်းသာ အံ့သြသွားသည်။
"ရှောင်ယွီနဲ့ဖေးဖေးကိုပါ ခေါ်လာခဲ့တာလား"
"ဟုတ်တယ်လေ"
ကျိယွီရှောင်က သူ့ကို လှည့်ကြည့်လိုက်သည်။
"မင်းပျော်လား"
လင်းလော့ချင်း ခေါင်းညိတ်လိုက်သည်။သူ သူ့ကလေးနှစ်ယောက်ကိုလည်း လွမ်းနေသည်။
"ဒါဆို ဟိုတယ်ကို ပြန်ကြရအောင်"
သူက ပြောလိုက်သည်။
"အင်း"
ကျိယွီရှောင် တစ်ဖက်လူ၏မျက်နှာပေါ်က အပြုံးကိုမြင်ပြီး 'မင်းကြိုက်မယ်ဆိုတာ ငါသိတယ်' ဟု စိတ်ထဲကနေ တွေးလိုက်သည်။
လင်းလော့ချင်းက သူ့ကို ကားပါကင်ထဲကို တွန်းလာရင်း စကားပြောသည်။
ယခင်အတိုင်းပဲ ရှောင်လီက ကားကိုမောင်းလာခြင်းဖြစ်သည်။လင်းလော့ချင်း ရှောင်လီ ကျီယွီရှောင်၏နောက်သို့ လိုက်လာသည်ကိုမြင်ပြီးခေါင်းငုံ့ကာ မေးလိုက်သည်။
"လော့ကျားရော ပါလာတာလား"
"ဟုတ်တယ်...သူမပါရင် ကလေးတွေကို ဘယ်သူကြည့်မှာလဲ"
လင်းလော့ချင်း :'...လော့ကျားဘဝက တကယ်ကို ခက်ခဲတာပဲ...သူ့မှာ သက်တော်စောင့်ရော ကလေးထိန်းပါလုပ်နေရတယ်...တစ်ယောက်တည်းနဲ့ အခန်းကဏ္ဍအများကြီးတာဝန်ယူထားရှာတယ်'
ကားထဲမှာဝင်ထိုင်ပြီးနောက် သူမနေနိုင်စွာပဲ ကျိယွီရှောင်ကို မှီပြီး အကြာကြီးခွဲရအပြီးမှာ ပြန်လည်ခံစားရသည့် ချိုမြိန်သည့် ခံစားမှုလေးကို ခံစားနေလိုက်သည်။
"မနေ့ညက ငါနဲ့စကားပြောတုန်းက ဘာလို့ဘာမှမပြောခဲ့တာလဲ"
သူကတိုးတိုးလေးမေးသည်။
ကျိယွီရှောင် စိတ်ထဲမှာ တွေးလိုက်မိ၏။
'အဲလိုဆို မင်းရဲ့ အံ့သြသွားတဲ့အမူအရာလေး မြင်ရပါဦးမလား'
ထိုသို့တွေးရင်း သူ့မျက်နှာပေါ်တွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။သူက တစ်ဖက်လူကို လက်ကနေဆွဲပြီးသူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်၏။

YOU ARE READING
(Book -2 )ငါက ဗီလိန်ရဲ့ ပါပါး
RomanceBook 1 ရှိပါတယ်နော် ဝင်ရှာကြည့်ပါရှင် Start - Chapter 196 Unicode Only Update - တစ်ပတ် ၃ပိုင်း Paid Gp - Completed ✅️