Chapter 205

875 163 1
                                    

Chapter 205 Villain's father
December 14, 2023
Chapter 205

သီချင်းတိုင်းအတွက် စာသားနှင့်သံစဥ်ကို ချင်ဝူက ရေးစပ်ထားသည်။ သူမက အထူးတလည်ကြီး စာသားရေးရာတွင် မကျွမ်းကျင်သော်လည်း သူမ၏သီချင်းရေးစပ်မှုက အလွန်ကောင်းသည်။ ဆယ်နှစ်ကျော်ကြာပြီးသည့်တိုင် သူမ၏သီချင်းများသည် ရေပန်းစားနေဆဲဖြစ်သည်။

ချင်ဝူ ဘယ်သူလဲဆိုသည်ကို ပရိသတ်တွေနှင့် အင်တာနက်သုံးစွဲသူတွေက အလွန်သိချင်ခဲ့ကြ၏။

ချင်ရန်က ချင်ဝူသည် သူမ၏ အစ်မဖြစ်ပြီး သူမအစ်မကသာ ဒီသီချင်းတွေကို သီဆိုရန်မွေးဖွားလာသူဟုပြောခဲ့သည်။သူမက ချင်ရန်ထက် များစွာ ပို​တော်သည်။သက်ရှိထင်ရှားရှိမနေတော့သည်က စိတ်မကောင်းစရာပင်။

သူမက သူမဆိုနိုင်သည့် ချင်ဝူ၏ သီချင်းအားလုံးကို သီဆိုခဲ့ပြီး ခက်လွန်းသည့်သီချင်းတွေကိုပဲချန်ထားခဲ့သည်။သူမက သူတို့ကို ချိတ်ပိတ်ကာ ဂီတလောကမှ အနားယူပြီး မင်းသမီးအဖြစ်သို့ ပြောင်းလဲခဲ့သည်။

ချင်မိသားစု၏ မျိုးဗီဇများသည် အမှန်တကယ် ကောင်းမွန်ပြီး ၎င်းတို့ကို အညီအမျှ ဖြန့်ဝေထားခဲ့သည်။ချင်ရူယွင်၏ ညံ့ဖျင်းသော သရုပ်ဆောင်စွမ်းရည်က လူတွေကို ခေါင်းကိုက်စေသော်လည်း ချင်ရန်၏ သရုပ်ဆောင်စွမ်းရည်မှာ အလွန်ကောင်းမွန်သည်။သရုပ်ဆောင်လောကသို့ပြောင်းပြီး စတုတ္ထနှစ်တွင် သူမသည် အကောင်းဆုံးမင်းသမီးဆုကိုရရှိကာ ကြီးမားသော ဖန်သားပြင်များပေါ်တွင် စတင်ပေါ်လာခဲ့သည်။

လင်းလော့ချင်း ချင်ရူယွင်က ချင်ဝူဖြစ်လိမ့်မည်ဟု တစ်ခါမျှ စိတ်ကူးမယဉ်ခဲ့ဖူးပေ။

သူမရှေ့က ပြုံးနေသည့်လူကို ကြည့်ပြီး သူ့ရင်ထဲမှာ ရှော့ရမှုတွေပြည့်နေသည်။

ချင်ရူယွင် တိတ်ဆိတ်နေသော သူ့ကိုကြည့်ပြီးသံသယဝင်ကာ မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ရှောင်လင်းလောင်ရှီး"

"ဘာ...ဘာမှမဟုတ်ပါဘူး"

လင်းလော့ချင်းက ခေါင်းငုံ့လိုက်သည်။

ချင်ဝူက ဘာကြောင့် မိမိကိုယ်ကို သတ်သေသည်ကို သူသိနေသလို ခံစားရသည်။

(Book -2 )ငါက ဗီလိန်ရဲ့ ပါပါးWhere stories live. Discover now