🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 8ဒီနေ့တော့ အိမ်က Driver ဦးလေးကြီး သိပ်နေမကောင်းလို့ ခင်ခင်ရွယ်ကိုးကို သူလာကြိုဖြစ်သည်။တော်တော်ကြာ သောက်ကလေးက အိမ်ကကားကို မမြင်လျှင် မျက်စိလည်လမ်းမှားပြီး လမ်းပျောက်နေမှာ စိုးတာကြောင့် တကူးတကကြီး ကားကိုပတ်ကွေ့ကာ Thai Tea ဆိုင်ရှေ့ရပ််ဖို့လုပ်တော့ Thai Tea ဆိုင်နား ရပ်နေကြသော လူငယ်ကျောင်းသားအချို့...
"တီ ....တီ "
ဘေးသို့ဖယ်ပေးရန် ကားဟွန်းကို တီးလိုက်သော်လည်း လှည့်ကြည့်လာပေမယ့် လုံးဝ ဖယ်မပေး....ဟာ ဒီကောင်တွေ ဘာကောင်တွေလဲ ....
"ဗဟိုရ် ဟွန်းတီးနေတယ် "
"ကားပါကင် လာထိုးနေရအောင် ဒါ သူ့အဖေပိုင်တဲ့လမ်းမှ မဟုတ်တာ ကားရပ်နေကျနေရာမှာ
သွားရပ်လေ မဖယ်ပေးနိုင်ပါဘူး မင်းတို့လည်း မဖယ်ပေးနဲ့ ""တီ...တီ...တီ...!!!"
ပြေပြစ်ဂုဏ်ရောင်သည် လုံးဝ စိတ်မရှည်တော့တာကြောင့် ကားဟွန်းကို အရှည်ကြီး တီးလိုက်ပစ်လိုက်တော့သည်....
"ဟေ့ကောင် ဗဟိုရ် ဒီဘက်ကို လာဟ တော်တော်ကြာ ပါချုပ်ကား ဖြစ်နေရင် နားကားဦးမယ် "
မင်းခန့်ကျော်စွာသည် မင်းမြတ်ဗဟိုရ်ရဲ့လက်မောင်းကို အားသုံးကာ ဆွဲထည့်လိုက်တော့ ဘေးကို ကပ်သွားချိန် ကားက သူတို့ဘေးနားမှာ ထိုးရပ်လာလေသည်....
တဖြည်းဖြည်းနဲ့ ကားမှန်ကလျှောကနဲ ကျလာပြီး..."ဟေ့ကောင် မင်းပထွေးက အသက်အပိုထည့်ပေးထားလို့လား မဟုတ်ရင် နားကန်းနေလို့လား "
ချာတိတ်တွေသော ဘာသော နားမလည်နိုင် စောက်ချိုး မပြေလာတော့ အကြီးလည်း... မပီသနိုင်တော့ပါ အနားကပ် သေချာကြည့်တော့မှ ဟိုတစ်ခါရှမ်းဆိုင်မှာ တွေ့ကြသော ချာတိတ်အုပ်စု....
"မင်းကရော ဒါ မင်းအဖေပိုင်တဲ့ပါကင်မို့လို့လား ဒီနားမှာ ဘယ်ကားရပ်ထားတာ မင်းမြင်လဲ "
"ငါ့အဖေကတော့ သေသွားပြီကွ မေးချင်ရင် ရေဝေးမှာသွားမေး...စိတ်ပါရင် ဒီနေရာလောက်ကတော့ အေးဆေး အပိုင်ဝယ်လို့ရတယ် "

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ.......