အပိုင်း(၃၃)

12.2K 639 116
                                    

Unicode

🌾စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ🌾
                       🌾အပိုင်း(၃၃)🌾

ဒီည ကိုယ်ဗီဒီယိုလာကြည့်မှာဆိုသည့်စကားတစ်ခွန်းကြောင့် ညနေစောင်းကတည်းက ငြိမ်းဝေ မြောက်ကြွ မြောက်ကြွဖြင့် ရေမိုးချိုးပြင်ဆင်နေတာဖြစ်သည်။မနက်တုန်းက ပြန်ခါနီး ရွာလယ်လောက်ထိ လိုက်ပို့သွားသူက ငြိမ်းဝေကိုယ် ပြုံးစစနှင့်ပဲကြည့်နေတာမို့ ငြိမ်းဝေမှာလည်း ရှက်ကိုးရှက်ကန်းတွေဖြစ်ကာ တစ်နေ့လုံးနီးပါး အိမ်ပြန်ရောက်သည်အထိ ပြုံးနေမိတာ မရပ်တော့။

ဆောင်းဝင်ပြီမို့ ပုံမှန်ဆို ရေကို တစ်ပတ်တစ်ခါ ဒါမှမဟုတ် သုံး၊လေးရက်တစ်ခါမှ ရေချိုးဖြစ်တာဆိုပေမယ့် ဒီနေ့ကတော့ သေချာပေါက်ကို ရေချိုးရမည့်နေ့ပင်။အမေကတော့ မနေ့ကမှ ရေချိုးထားသူက ရက်မခြားဘဲ ရေချိုးနေလို့ အထူးတဆန်းကြည့်နေသေးသည်။ငြိမ်းဝေတို့ကတော့ အခုချိန် ဆူဆဲအရိုက်ခံရရင်တောင် ပြုံးပြုံးကြီး ကြည့်နေနိုင်လောက်သည့် စိတ်အခြေအနေမှာမို့ လေလေးတစ်ချွန်ချွန်ဖြင့် သနပ်ခါးခပ်ပါးပါးလူးရင်း မခြောက်တခြောက်ဆံပင်တွေကို ဂျဲလ်နှင့် သေချာပုံသွင်းနေ၏။

ငြိမ်းဝေတို့ရွာဘက်တွေရဲ့ ဂျဲလ်သုံးနည်းက အုန်းဆီနှင့်သိပ်မခြား။လက်ထဲကို လက်သန်းလေးနှင့် ကော်ယူပြီး လက်ဖဝါးလေးထဲထည့်ကာ ပွတ်ပြီးမှ လက်ချောင်းတွေနှင့် ဟိုဒီစွလိုက်တာပင်။ငြိမ်းဝေဆံပင်က အလယ်ခွဲမကျတကျဖြစ်တော့ ဖွဖွလေး သပ်တင်ရင်း မမှီတဲ့ဆံပင်‌လေးတွေက သဘာဝအတိုင်း ရှေ့မှာကတော့ တစ်စနှစ်စကျနေသေးသည်။ဒါကိုက စတိုင်ပေပဲမို့ ငြိမ်းဝေ ထိုတစ်စနှစ်စကို ကျေနပ်စွာ ကြည့်လိုက်သည်။

"ငြိမ်းဝေ ထမင်းလာစားတော့...”

"လာပြီခင်ဗျ...”

အမေ့အသံအဆုံး ငြိမ်းဝေ မီးဖိုးချောင်ထဲသွားလိုက်သည်။အဖေနှင့်အမေက ထမင်းစားဖို့ သူ့ကိုစောင့်နေတာဖြစ်ပြီး ခူးခပ်ပေးထားတဲ့ ထမင်းပူပူလေးကလည်း အဆင်သင့်။

"ကျုပ်ဘာသာ ခူးစားလဲရတာပဲ အမေရာ...ငရဲကြီးတော့မှာပဲ....”

"အောင်မာ အဲ့လိုသာငရဲကြီးမယ်ဆို နင် ငရဲပြည်ကနေတောင် ပြန်တက်လာနိုင်မှာမဟုတ်ဘူး...”

စပါးဝါရွှေဝင်းပါစေ ပန်းတွေသင်းပါစေ...(Complete)Where stories live. Discover now