🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 7"ဆင်း"
ခြံဝမှာ ကားရပ်ပေးလိုက်တော့ ရွယ်ကိုးက သူတို့ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ဘဲ ကားပေါ်ကနေ အေးအေးသာသာလေးဆင်းသွားတာမို့ ပြေပြစ် မျက်ခုံးတွေ ပင့်ရပြန်တော့သည်။
ခြံရှေ့ကနေ မောင်းထွက်လာပေမယ့် စိတ်ကမကြည်။ခြံထဲကို သူပါ လိုက်ဝင်သွားပြီး '
ဟေ့ နင့်လင်က ရည်းစားနဲ့လေ နင်ဘယ်လိုမှ မနေဘူးလား စိတ်မတိုဘူးလား စိတ်ပျက်ပြီး ရွာကို မပြန်ဘူးလား ´ လို့ ပခုံးနှစ်ဖက်ကို ကိုင်ဆောင့်ပြီး မေးလိုက်ချင်သည်။"ပြေ ညီမလေးက အရမ်းအေးတယ်နော်"
စုပြည့်က ဘာတွေ ပြောနေလဲဆိုတာကို သူသေချာမကြား ဟိုဟာလေး ကားပေါ်ကနေ ဆင်းသွားတော့ ကားထဲမှာ သင်းသင်းလေးမွှေးနေတဲ့ သနပ်ခါးနံ့လေး မရတော့ဘဲ စုပြည့်ဆီက ရနေတဲ့ ရေမွှေးနံ့ကြောင့် သူ ခေါင်းနောက်လာကာ ကားမှန်ကို အမြန် ချလိုက်ရသည်.......
"ဟယ် ဘာလို့ မှန်ချလိုက်တာလဲ"
"သဘာဝကို ကြိုက်လို့"
"ဟင် ဘာကြီး"
"ဪ သဘာဝလေနုအေးလေးရဲ့ အရသာကို ခံစားချင်လို့ပါဆို"
"စုပြည့်က aircon လေပဲကြိုက်တာ အပြင်လေက လေပူကြီး ဒီတလော လေထုက သန့်တာ မဟုတ်ဘူးနော် ညစ်ညမ်းတဲ့အဆင့်ကိုတောင် ရောက်နေတာ ပြေ သတင်းလေးဘာလေး မဖတ်ဘူးလား"
"ဒါဆို မင်း ဆင်း"
"ဟင်"
"နင် မကြိုက်ရင် ကားပေါ်က ဆင်းလို့"
"ပြေ ဘာပြောတာလဲ ခုနကတော့ အပြင်သွားလည်မှာ မုန့်လိုက်ကျွေးမှာဆို"
"အေးဆို သူငယ်ချင်းတွေနဲ့ ချိန်းထားတာကို အခုမှ သတိရလို့ ထွက်လည်မယ် ပြောတာကို ပြန်ရုတ်သိမ်းတယ်"
"ဘာ"
သူ့ရဲ့ ပျက်ချော်ချော် လေသံကြောင့် စုပြည့်လှိုင်က တော်တော် တင်းသွားတဲ့ပုံပင်။သူ့ကို စူးစူးရဲရဲ လှည့်ကြည့်လာပြီး.....
"ပြေ ဘာအချိုး ချိုးတာလဲ ဒါက ဘာသဘောလဲ"
သူ ပခုံးတွန့်ပြလိုက်ရင်း.....

YOU ARE READING
🌸ပန်းနုရောင်ဘာသာစကား🌸
Romanceနှောင်ကြိုးပဲရှိရှိ မိုးသက်မုန်တိုင်းပဲရှိရှိ ငှက်တစ်ကောင်သာဖြစ်ခွင့်ပေးပါ.... မင်းဆီ ကိုယ် အရောက်လာခဲ့မှာပါ....... Start Date _ March 21 ,2025 End Date _Jun 10 ,2025