ep-11 (final)

805 54 6
                                        

သူ သူ ကျွန်တော့်ကို လိမ်ညာပြီး ထွက်ပြေးသွားတယ် သူ့အလိမ်အညာစကားတွေအောက်မှာ ကျွန်တော် လုံးဝယုံကြည်သွားခဲ့မိလို့ အရင်ကလောက် မတင်းကြပ်တော့ပဲ သူစိတ်ပျော်သလို နေခွင့်ပေးခဲ့တယ် သူကရော ကျွန်တော်သူ့ကို ယုံကြည်တာကို အခွင့်ကောင်းယူပြီး ကျွန်တော်ဆီကနေ ထွက်ပြေးသွားခဲ့တယ်
သူကျွန်တော်ကို မချစ်တော့တာ လုံးဝ သေချာသွားပြီပဲ မဟုတ်ဘူး သူကျွန်တော့်ကို လုံးဝမချစ်တော့တာပဲ ဘာကြောင့်များ ကိုယ့်ကို မချစ်ရတော့တာလဲ Fot ဒီတောအတွင်းမှာ ကိုယ်မင်းကို အတင်းရယူမိတာကလွှဲရင် ကိုယ်မင်းစိတ်တိုင်းကျပဲ နေခဲ့တယ် မင်းရဲ့ အလိမ်အညာတွေအောက်မှာ ကိုယ်ကတော့ မင်းပြောင်းလဲလာပြီလို့ ထင်ခဲ့မိပြီး ကြိတ်ပျော်နေခဲ့မိတယ် အပြီးသတ်ကျ အလိမ်အညာတွေတဲ့လား ဟား ဟား ဟား

Gemတစ်ယောက် အရူးတစ်ယောက်လိုပဲ အော်ရယ်နေမိတယ် ထိုအချိန် ရင်ဘက်တစ်နေရာက တစ်ခုခုက စူးအောင့်တက်လာပြီး အန်ထွက်ကျလာတယ် ကြည့်လိုက်တော့ သွေးတွေ

ထိုအချိန် Gemဆီကို ဖုန်းနံပါတ်အစိမ်းတစ်ခုကနေ message လှမ်းပို့လာတယ်

"မင်းစားပွဲခုံရဲ့ အောက်မှာ စာတစ်စောင်ကို တိပ်နဲ့ကပ်ထားတယ် ဖွင့်ကြည့်လိုက်ပါဦး" တဲ့
Gemတစ်ယောက် သွားကြည့်လိုက်တော့ တစ်ကယ်ရှိနေတာကြောင့် ဖွင့်ဖတ်လိုက်တဲ့အခါ

"ဘယ်လိုလဲ ဂျမ် ငါ မင်းကို သေချာပေါက်ပြောခဲ့တယ် မင်းဆီကနေ ရအောင်ထွက်ပြေးမယ်လို့ မင်းကို အယုံသွင်းဖို့ ငါဘယ်လောက်မှတောင် မကြိုးစားလိုက်ရဘူးပဲ အဟင်း မင်းပြောတော့ ငါ့အနားမှာ အရိပ်လိုပဲရှိနေမှာဆို အရှင်လတ်လတ်ဆို ငါက မင်းကိုတွေ့ရင် ထွက်ပြေးနေရဦးမှာ အဲ့တော့ တမလွန်ကနေ ဝိဉာဏ်ဘဝနဲ့ပဲ လိုက်နေလိုက်တော့ အော် အဲ့ကျရင်တော့ မင်းရဲ့ ဖြစ်တည်မှုကိုတောင် ငါသိတော့မှာမဟုတ်ဘူးပဲ ငါဘာလို့ ဒီစကားပြောလဲ မင်းသိလား မင်းကို ညတိုင်းတိုက်နေတဲ့ နွားနို့ထဲ ငါအဆိပ်တွေထည့်ထားလို့လေ အဲ့အဆိပ်‌က မင်းငါ့ကို ချုပ်နှောင်ထားတဲ့ အတောအတွင်း ငါကိုယ်တိုင်ဖော်စပ်ထားတဲ့ ဖြေဆေးမရှိတဲ့အဆိပ်ပဲ ဟား ဟားဟား သေလိုက်တော့ ဂျမ်မနိုင်း မင်းသေလိုက်တော့ မင်းကို မုန်းတယ်  ငါ့အသွေးအသားတွေထဲကနေပါ မင်းကိုရွံမုန်းတာ ဘယ်လောက်အထိ ရွံမုန်းလဲဆို မင်းထိထားတဲ့ ငါ့အရေပြားတိုင်းကိုလည်း ရေချိုးတိုင်း သွေးထွက်တဲ့အထိ brushနဲ့ သေချာတိုက်ထုတ်ထားတာ ဆပ်ပြာတွေနဲ့လည်း ဆေးထုတ်တယ် အဲ့အထိ မဟုတ်ဘူး အဲ့ဒါထပ်ပိုတယ် မင်းသိထားဖို့က ငါလိုကောင်က ချစ်ရင်လည်း သေလောက်အောင် ချစ်တယ် အေး မုန်းပြီဆိုရင်လည်း လုံးဝမပတ်သတ်ချင်တော့တဲ့အထိ အထူးသဖြင့် တစ်လေထဲ ရှူနေရတာတောင် မသတီဘူး နောက်ပြီး မင်းကို အရမ်းအံ့ဩတာက မင်းကို မုန်းနေတဲ့လူတစ်ယောက်ကို မင်းဘာလို့ အလွယ်တကူ ယုံကြည်လိုက်ရတာလဲ ဟင် ဧကန္တ သံယောဇဉ်လက်ကျန်လေး ကျန်နေဦးမယ်ထင်သွားတာလား အဲ့ဒါဆို so sadပါ Gem မင်းသိထားရမှာက ငါမင်းကို သံယောဇဉ်ပါမရှိဝော့ာတာ မင်းဆီကနေ ထွက်လာတဲ့နေ့ထဲကပေါ့ အိုး စာရှည်သွားတာပဲ မင်းမသေသေးဘူးဆိုရင် ငါ့စာကို ပြီးဆုံးအောင်ဖတ်သွားနော် ဒီလောက်ပဲ စာရှည်ရင် စာဖတ်ပြီး သေသွားမှာ စိုးရိမ်လို့ အဟင်းး"

ဂျမ်တစ်ယောက် စာဖတ်ရင်း သွေးတွေဒလဟော အန်ထွက်လာတယ် ပါးစပ်ကလည်း မင်း လုပ်ရက်တယ် Fot ကိုယ်မှားခဲ့မှန်းသိလို့ မင်းကို ကိုယ်အမြဲအလျှော့ပေးပြီး အလိုလိုက်အ‌ကြိုက်ဆောင်ခဲ့တာတောင် မင်းကိုယ့်အပေါ် လုပ်ရက်တယ်
Gemတစ်ယောက် မျက်ရည်တွေ ပါးပြင်ပေါ် စီးကျလာပြီး အရာရာက မှုန်ဝါးဝါး
သွေးတွေကလည်း ဒလဟော ထပ်ပြီး အန်ထွက်လာတယ်
"မင်းကိုယ့်ကိုမုန်းလို့ အပြစ်ပေးတာဆိုတော့လည်း ကိုယ်က ကောင်းကောင်းကြီးခံယူရမှပေါ့ စိတ်ချ Fot ကိုယ်သေချာပေါက် မင်းပေးတဲ့အပြစ်ကို တိတ်တဆိတ်ခံယူပြီး ကိုယ့်အပြစ်တွေကို ပေးဆပ်သွားမယ် တစ်ကယ်လို့ နောက်ဘဝရှိလာခဲ့ရင်တော့ ကိုယ့်ကို မင်းမမုန်းနဲ့တော့နော် ကိုယ်နောက်ဘဝကျရင်တော့ မင်းချစ်တဲ့သူအဖြစ် ပြန်မွေးဖွားလာချင်တယ် အဲ့ကျရင် ကိုယ့်ကို ချစ်ပေးမယ်မလားဟင် မင်းအပေါ်လုပ်ခဲ့တဲ့အပြစ်တွေ မကျေသေးဘူးဆိုရင်လည်း နောက်ဘဝပါ သေချာပေါက်ထပ်ပြီး ဆပ်ပါ့မယ် နောက်ပြီး ကိုယ်မင်းကို ချစ်ခဲ့မိတာ လုံးဝနောင်တမရဘူး ဒီလိုအဖြစ်မျိုး နောက်တစ်ကြိမ်ရှိလာရင်လည်း ကိုယ် မင်းကို ထပ်ပြီးယုံကြည်ပေးမှာပဲ ဘာလို့ဆို ကိုယ်မင်းကို အရမ်းချစ်တာကြောင့်လေ အရမ်း...... ချစ်...တာ...ကြောင့်ပါ... Fourth Nattawat "

ချစ်လို့ ချုပ်နှောင်ထားကာမှ အမုန်းတရားတွေပဲ ပြန်ရရှိပြီး နောက်ဆုံး အသက်ပါပေးသွားရတဲ့ ကောင်လေးအတွက်တော့ စိတ်မကောင်းပါဘူး ဘယ်နေရာမှာ လွှဲသွားကြလဲ မသိပေမယ့် အဲ့နေ့က Gemက Fotကို ယုံကြည်ပြီး Fotဘက်မှာသာနေခဲ့မယ်ဆိုရင် ဇာတ်သိမ်းလေးက လှနေလောက်မလား?.....

*****
ကဲကဲကဲ ဒီဇာတ်လမ်းလေးက ဒီမှာတင်ပဲ ဇာတ်သိမ်းသွားပါပြီ ဝိုင်းရိုက်ခံရမှာ ကြောက်လို့ ကျမပြေးပြီ ဝှီးးးးးး

You've reached the end of published parts.

⏰ Last updated: Feb 27 ⏰

Add this story to your Library to get notified about new parts!

SHADOW Where stories live. Discover now