Part _ 6

35.6K 1.3K 212
                                        

🌸ပန်းနုရောင် ဘာသာစကား🌸
~~~~~~~~~~~~~~~~~~~~~~
Part _ 6

ရေခဲရေ လာဖြည့်ပေးပြီးတော့ သူမနေရာမှာ ပြန်ထိုင်ကာ မျက်လွှာလေးချပြီး ထမင်း ဆက်စားနေလေသည်...
ကိုယ်ကသာ သူများကို ခိုင်းလိုက် ပတ်ဝန်းကျင်ကို ခိုးကြည့်လိုက်နဲ့ ထမင်းက အခုထိ မကုန်သေး...

ပတ်ဝန်းကျင်က ဘယ်သူလဲလို့တော့ လာမမေးနဲ့  ဘယ်သူရှိရမလဲ အာရုံမစိုက်ချင်လည်း မျက်စိရှေ့ကို ရောက်ရောက်လာတဲ့ အဲဒီ သောက်ကလေးပဲပေါ့...

"ရွယ်ကိုး "

"ဟုတ် ရှင့် "

"မင်း ထမင်းကုန်ရင် ငါ့ကို ငါးအရိုး လာနွှင်ပေး "

"ဟုတ်ရှင့် "

တကယ်ကြီး ထမင်းကို အပြီးသတ်စားကာ ပန်းကန်ကို ဘေးသို့ကပ်ထားလိုက်ပြီး နောက်ဖေးသို့ ဝင်သွားလေသည်။မကြာလိုက် ခပ်သေးသေး ပန်းကန်လေးတစ်ချပ် ယူပြီး ပြန်ထွက်လာလေသည်...

ငါးတစ်ကောင်ကို ပန်းကန်ထဲက ဆယ်ယူကာ တကယ်ကြီး နွှင်ပေးနေတာမို့ ပြေပြစ် မျက်ခုံးတွေ ပင့်သွားရတော့သည်...အာ မဟုတ်သေးပါဘူး ဘာဖြစ်လို့ ဒီလောက်တောင် နာခံတတ်နေရတာလဲ...မကြိုက်ဘူး မကြိုက်ပါဘူး အဲဒီလိုအချိုးတွေ ...

တကယ်ဆို မလုပ်ပေးနိုင်ပါဘူး ဘာဘူး ညာဘူးတွေ ဆူညံအော်ဟစ် သောင်းကျန်းပြီး ရန်တွေ့ရမှာလေ  အဲဒါမျိုးကိုမှ သူကသဘောကျတာ.ကြိုက်တာ ...

ဟုတ်တယ် သူက အဲဒီလို ခပ်သွက်သွက် Type မျိုးကိုမှ သဘောကျတဲ့သူ ဖြစ်သည်...အခုတော့
ခင်ခင်ရွယ်ကိုးဆိုတဲ့ သောက်ကလေးဟာ သိပ်ကိုနာခံတတ်ပြီး လိမ္မာပြနေတာလေ လုံးဝကို သူ့အကြိုက် မဟုတ်ဘူး.....သူမက ငါးအရိုးနွှင်ပြီးတာနဲ့ ပန်းကန်တွေကို ယူကာ ဘေစင်မှာ သွားထားသည်....

ခင်ခင်သည် ပန်းကန်တွေကိုဆေးနေတဲ့အချိန် ရှေ့တည့်တည့်က ပြတင်းပေါက်ကနေ လေလေးတဟူးဟူးကနေ အနည်းငယ် ကြမ်းလာလေသည်...စိတ်က သိပ်မလုံခြုံသလို ခံစားရတာကြောင့် ဘေစင်ရှေ့က မှန်တံခါးကို ဆွဲပိတ်ဖို့အလုပ် လေအကြမ်းကြောင့် အုန်းလက်က ယိမ်းထိုးသွားတာကို မြင်လိုက်ရ​လေသည်...

🌸ပန်းနုရောင်ဘာသာစကား🌸Where stories live. Discover now